မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် ကမ္ဘာကုလသမဂ္ဂ(UN)ရုံးချုပ်ရှေ့ ဆန္ဒထုတ်ဖော်

မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် ကမ္ဘာကုလသမဂ္ဂ(UN)ရုံးချုပ်ရှေ့ ဆန္ဒထုတ်ဖော်

September 24

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် လူ့အခွင့်ရေး၊တရားမျှတမှုရှိရေး၊ ဥပဒေစိုးမိုးရေး၊ဒီမိုကရေစီပြန်လည်ထွန်းကားရေး၊အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများနှင့် အပြစ်မဲ့ပြည်သူများလွတ်မြောက်ရေး တို့အတွက် ချီတက်လာသော အဝေးရောက် ကမ္ဘောဒီးယားပြည်သူများနှင့် မြန်မာပြည်သူများတို့သည် ကုလသမဂ္ဂတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ထားရှိရေးအတွက် ၊Credential Campaign ကို ကမ္ဘာကုလသမဂ္ဂ(UN )ရုံးချုပ်ရှေ့တွင်၊ ဆက်လက်၍ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲကို စက်တင်ဘာလ ၂၃ရက်နေ့ ဒေသစံတော်ချိန် ညနေ၄ နာရီမှ ညနေ ၅:၃၀ အချိန်ထိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ရှေ့ရှိ Dag Hammarskjöld Plaza တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

#UKyawMoeTun4Myanmar

#Ukyawmoetunisourambassador

#KyawSoeLatt_Photography

#nycbc

#UnitedNations

#newyork

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly