ပြည်ကြီးတံခွန်မြို့နယ်တွင် သပိတ်အင်အားစုက "မင်းတို့စစ်တပ်က ကလေးတွေကိုလည်းပစ်သတ်တာပဲလား"စာတန်းကိုင်ဆောင် သရုပ်ဖော် ဆန္ဒပြ

ပြည်ကြီးတံခွန်မြို့နယ်တွင် သပိတ်အင်အားစုက "မင်းတို့စစ်တပ်က ကလေးတွေကိုလည်းပစ်သတ်တာပဲလား"စာတန်းကိုင်ဆောင် သရုပ်ဖော် ဆန္ဒပြ

September 21

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊သပိတ်အင်အားစုက ယနေ့စက်တင်ဘာလ၂၁ရက်၊နံနက်ပိုင်းတွင် "မင်းတို့စစ်တပ်က ကလေးတွေကိုလည်း ပစ်သတ်တာပဲလား"စာတန်းကိုင်ဆောင် သရုပ်ဖော် ဆန္ဒပြခဲ့ကြသည်။

စက်တင်ဘာလ ၁၆ရက်က စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်မှုတွင် ကျောင်းသူ၊ ကျောင်းသား ကလေးငယ်အများအပြား သေဆုံးရသည့်ဖြစ်စဉ် ဖြစ်ပွါးခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ

#မန္တလေးမြို့

#ပြည်ကြီးတံခွန်မြို့နယ်

#သပိတ်အင်အားစု

#ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly