ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ကြိတ်စခန်း အကြိတ်ခံလိုက်ရ၊ လက်နက်ခဲယမ်းအများအပြားရရှိ

ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ကြိတ်စခန်း အကြိတ်ခံလိုက်ရ၊ လက်နက်ခဲယမ်းအများအပြားရရှိ

September 21

မဇ္ဈိမ။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းတစ်ခုကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအများအပြားရရှိ‌ကြောင်း KNU က တရား၀င်သတင်းထုတ်ပြန်သည်။

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ‌ခြေကုတ်စခန်းဖြစ်သည့် ကြိတ်စခန်းကို စက်တင်ဘာ ၂၀ ရက်က KNLA တပ်ရင်း (၁၈)နှင့် ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

အဆိုပါစခန်းကို သြဂုတ် ၈ ရက်မှ စတင်ကာ ရိက္ခာမပို့နိုင်အောင် ဝိုင်းပတ်ပိတ်ဆိုခဲ့ပြီး တစ်လကျော်အကြာတွင် KNU က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၂ မိနစ်တွင် စတင်တိုက်ခိုက်ခဲ့ ပြီး ၁၇ မိနစ်အကြာ ၂ နာရီ ၁၉ မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်သား ခုနစ်ဦးသေဆုံးပြီး နှစ်ဦးဖမ်းဆီးရမိခဲ့သည်။

သိမ်းဆည်းရမိသော ကျည်များမှာ MA ကျည်ဘောက်- ၁၇ ခု၊ 9MM-၄၄တောင့်၊ 16 ကျည်ဘောက်- လေးခု၊ sinper ကျည်ဘောက်-၃ ခု၊ 60MM-၁၂ လုံး၊ 73MM-၁၁ လုံး၊ အီနာဂါ- တစ်လုံး ၊ 40MM-၁၀လုံး၊ BA109 လက်ပစ်ဗုံး- နှစ်လုံး၊ 73ယမ်းတောင့် -ငါးတောင့်၊ စက်လက်ကျည်-၂၂၉ ၊ AKကျည်ဘောက်ဝိုင်း- တစ်ခု၊ စကားပြောစက်- နှစ်လုံး၊ ဖုန်း-သုံးလုံး ၊ ကပစ 5.56- ၂၂၂၃ တောင့်၊ စိန်ပြောင်းချိန်သီး- တစ်ခု၊ MA5 ကျည်- ၂တောင့် တို့ သိမ်းဆည်းရမိခဲ့သည်။

ထို့ ပြင် RPG- နှစ်လက်၊ BA 100 စိန်ပြောင်း-တစ်ခု၊ ငါးကြင်းမြီးစက်လက်- တစ်လက်၊ ပြောင်းပို-တစ်ခု၊ AK-1၊ MAS sinper- တစ်လက်၊ MA4.MAK ပူးတွဲ-တစ်လက်၊ MA1-နှစ်လက်၊ MA3-နှစ်လက်၊ MA5-နှစ်လက်၊ MG3-1 လက်နက်များပါ ထပ်မံသိမ်းဆည်းရမိသည်ဟု KNU က ထုတ်ပြန်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကော့ကရိတ်မြို့နယ်

#စစ်ကောင်စီ

#ကြိတ်စခန်း

#KNLA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly