ရီဟားနားနှင့် ဂျက်စတင်ဘီဘာတို့ V Festival တေးဂီတပွဲတော်တွင် ဖျော်ဖြေသွားမည်

ရီဟားနားနှင့် ဂျက်စတင်ဘီဘာတို့ V Festival တေးဂီတပွဲတော်တွင် ဖျော်ဖြေသွားမည်

နယူးယော့ခ်၊ ဖေဖော်ဝါရီ ၂၃ ။             ။ ကမ္ဘာကျော်အဆိုတော် ရီဟားနားနှင့် ဂျက်စတင်ဘီဘာတို့သည် ယခုနှစ်တွင် ကျင်းပပြုလုပ် မည့် V Festival တေးဂီတပွဲတော်တွင် ပါဝင်ဖျော်ဖြေသွားမည် ဖြစ်သည်။

ပေါ့ကြယ်ပွင့်များသည် သြဂုတ် ၂၀ နှင့် ၂၁ ရက်တွင် အက်ဆက်ဇ်ခရိုင် Hylands ပန်းခြံနှင့် စတန်းဖို့ဒ်ရှိုင်းယားခရိုင် Weston ပန်းခြံတို့တွင် ဖျော်ဖြေသွားမည်ဖြစ်ပြီး ၂၁ နှစ်မြောက် V Festival တေးဂီတဖျော်ဖြေပွဲတွင် ဆီအာ၊ ဘက်စ်တိုင်းလ်လီ၊ လစ်တဲလ်မစ်ဇ်၊ ဂျက်စ်ဂလန်းနှင့် ဂျိတ်ခ်ဘက်ကဲ့ သို့သော အနုပညာရှင်များနှင့် ဖျော်ဖြေသွားမည် ဖြစ်သည်။

ဂျက်စတင်ဘီဘာသည် မတ်လ ၉ ရက်တွင် “Purpose” ကမ္ဘာလှည့်ဖျော်ဖြေပွဲကို စတင်မည် ဖြစ်ပြီး  ဥရောပခရီးစဉ်အဖြစ် စက်တင်ဘာ ၈ ရက်တွင်  အိုင်းစ်လန်တွင် စတင်မည်ဖြစ်သည်။

ဘီဘာ သည် ဗြိတိန်တွင်လည်း ဖျော်ဖြေပွဲလေးခု ပြုလုပ်သွားမည်ဖြစ်ကာ အောက်တိုဘာလတွင် လန်ဒန်မြို့  O2 အားကစားကွင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး နိုဝင်ဘာလကုန်တွင် ယင်းကွင်း၌ နောက်ထပ် ဖျော်ဖြေပွဲနှစ်ပွဲ ပြုလုပ်သွားမည် ဖြစ်သည်။

ရီဟားနားသည် နာမကျန်းဖြစ်ခဲ့ခြင်းကြောင့်  ဂရမ်မီဆုပေးပွဲ ဖျော်ဖြေပွဲတွင် ပါဝင်ခဲ့ခြင်း မရှိ သော်လည်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပပြုလုပ်မည့် Brits  Award ဆုပေးပွဲတွင် ဖျော်ဖြေသွား မည် ဖြစ်သည်။

ရီဟားနားသည် “Anti” ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းခဲ့ကြောင်း ကာလီဖိုးနီးယားပြည်နယ် ဆန်ဂျိုးစ်မြို့တွင် ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင်ရန် စီစဉ်ထားသော်လည်း ယခုအခါ မတ်လ ၁၂ ရက်တွင် ဖလော်ရီဒါပြည်နယ် ဂျက်ခ်ဆွန်ဗဲလ်လီမြို့တွင် စတင်သွားမည် ဖြစ်သည်။

ဖေဖော်ဝါရီ ၂၄ ရက် Brits Award ဆုပေးပွဲပြီးနောက် ည ၁၀ နာရီတွင် V Festival တေးဂီတ ပွဲတော် နှင့်စပ်လျဉ်း၍  အစီစဉ်များကို ကြေညာသွားမည်ဖြစ်ပြီး လက်မှတ်များကို ဖေဖော်ဝါရီ ၂၆ ရက် တွင် ရောင်းချပေးသွာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly