အချစ်ဇာတ်လမ်း သည်းထိတ်ရင်ဖို ရုပ်ရှင်ကားတွင် ဟာဂျီဝမ်း ပါဝင်သရုပ်ဆောင် သွားမည်

အချစ်ဇာတ်လမ်း သည်းထိတ်ရင်ဖို ရုပ်ရှင်ကားတွင် ဟာဂျီဝမ်း ပါဝင်သရုပ်ဆောင် သွားမည်

တောင်ကိုရီးယားမင်းသမီး ဟာဂျီဝမ်းသည် “Life Risking Romance” ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ခြင်းဖြင့် ရုပ်ရှင်ကားကြီးများ ပြန်လည်ရိုက်ကူးရန် စီစဉ်နေသည်။

ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ Opus Pictures က ဖေဖောဝါရီ ၂၃ ရက်တွင် ရုပ်ရှင်ကား ပိုစ တာကို ပထမဆုံး ထုတ်ဖော်ပြသခဲ့သည်။ ယင်းပိုစတာတွင် ဟာဂျီဝမ်းသည် ပန်းရောင်ရွှေဆွဲကြိုးကို ကိုင်ထားသော ထူးဆန်းသည့် လက်နှစ်ဖက်နှင့်အတူ ဓာတ်ပုံရိုက်ထားသည်ကို တွေ့ရပြီး အသည်းပုံစံ ဆွဲသီးသည် သော့ပုံစံအရိပ်အဖြစ် ပေါ်နေသည်ကို တွေ့ရသည်။

ဟာဂျီဝမ်းသည် မကြာသေးမီက ရုပ်မြင်သံကြား ဒရမ်မာဇာတ်လမ်းတွဲ “The Time We Were Not in Love” တွင် မကြာသေးမီက မင်းသားလီဂျင်ဝုခ်နှင့်အတူ သရုပ်ဆောင်ထားသည်။

ဟာဂျီဝမ်း နောက်ဆုံး ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားသည် “Chronicle of a Blood Merchant” ရုပ်ရှင် ကားဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလက ထုတ်လွှင့် ပြသခဲ့သည်။

“Life Risking Romance”  ရုပ်ရှင်ကားသည်  အချစ်ဇာတ်လမ်း သည်းထိတ်ရင်ဖို ရုပ်ရှင်ကား ဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် လိုက်သတ်သည့် လူသတ်သမား စုံထောက်ဝတ္ထူ စာရေးဆရာမ အကြောင်းကို ပုံဖော်ရိုက်ကူးထားကြောင်းနှင့် ဟာဂျီဝမ်းသည် စုံထောက်ဝတ္ထူ စာရေးဆရာမအဖြစ် သရုပ်ဆောင်ထားသည်။

အဆိုပါ ရုပ်ရှင်ကားတွင် ထိုင်ဝမ်မင်းသား ချန်ဘိုလင်းနှင့် တောင်ကိုရီးယားမင်းသား ချန်ဂျောင် မြောင်တို့ ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ပြီး ဧပြီလတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly