ဖားကန့်တွင် ဦးကျော်မိုးထွန်းအားထောက်ခံပွဲနှင့် စစ်အာဏာရှင်ချေမှုန်းရေးသပိတ် ဆက်လက်ပြုလုပ်

ဖားကန့်တွင် ဦးကျော်မိုးထွန်းအားထောက်ခံပွဲနှင့် စစ်အာဏာရှင်ချေမှုန်းရေးသပိတ် ဆက်လက်ပြုလုပ်

September 19

(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် KIA, PDF, NUG ထောက်ခံပွဲကို စက်တင်ဘာ ၁၉ ရက်၌ဆက်လက်ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေးသပိတ် ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြ ပြည်သူများက “အမှန်တရားဘက်ကရပ်တည်တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံပါတယ်”၊ “ KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ” ၊ “NUG အစိုးရ ဒို့အစိုးရ” ၊ “လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ”၊ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”၊ “နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည်” အစရှိသည့် ကြွေးကြော်သံများဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြကြောင်းသိရသည်။

စာတည်း ။ ။ Alden

#ဖားကန့်

#ဦးကျော်မိုးထွန်း

#ကုလသမဂ္ဂ

#KIA

#PDF

#NUG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly