မီးစလောင်သည့် ဆိုင်ခန်းပိုင်ရှင်ထွက်ပြေး၊ ခန့်မှန်း သိန်း ၆၀၀ကျော်ဆုံးရှုံး

မီးစလောင်သည့် ဆိုင်ခန်းပိုင်ရှင်ထွက်ပြေး၊ ခန့်မှန်း သိန်း ၆၀၀ကျော်ဆုံးရှုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ။             ။ မင်းတပ်စည်ပင်ဈေးမီးလောင်မှုကြောင့် ဆိုင်ခန်း ၃၈ခန်း (နောက်ဆုံးအတည်ပြုစာရင်း) မီးလောင်ပျက်စီး ပြီး သိန်း ၆၀၀ကျော်ဆုံးရှုံးကာ၊ မီးစလောင်သည့်ဆိုင်ခန်း ပိုင်ရှင်က ထွက်ပြေး တိမ်းရှောင်နေသည်ဟု မင်းတပ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေတိုးက ဖေဖော်ဝါရီ ၂၃ရက် ညနေ ၄နာရီ ၅၀မိနစ် တွင်အတည်ပြုပြောကြားသည်။

"သားသတ်လိုင်စင်ရထားတဲ့ အသားဆိုင်က ဈေးထဲမှာအိမ်လိုနေနေတာ၊ သူတို့ဆိုင်ကစလောင်တာ၊ ဘာကြောင့်လောင်တယ်ဆိုတာကို လုံးဝမသိရသေးဘူး။ ဆိုင်ရှင် ဦးဟောင်လောဟာက ထွက်ပြေးသွားတယ်။" ဟု ၎င်းကဆိုသည်။

မင်းတပ်စည်ပင်ဈေးအတွင်း ဆိုင်ခန်းပေါင်း ၆၇ခန်းရှိရာ၊ ဆိုင်ခိုင် ၃၈ခန်းအထိ(နောက်ဆုံးအတည်ပြုစာရင်း) မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု ထွေအုပ်စာရင်းများအရသိရသည်။

ယခုမီးလောင်သည့် ဆိုင်ခန်းများသည် ဈေးအတွင်းပိုင်းမှ ဆိုင်ခန်းများဖြစ်ပြီး ဒေသခံများနှင့် မီးသတ်တို့ပူးပေါင်း မီးငြိမ်းသတ်မှုကြောင့် ဘေးဖက်ရှိ ဆိုင်ခန်းအားလုံးသို့ မီးကူးလောင်ကျွမ်းမှု မရှိခဲ့ခြင်းဖြစ် သည်ဟု မင်းတပ်ဒေသခံ ဆလိုင်းရှယ်အောင်က ပြောသည်။

ဖေဖော်ဝါရီ ၃၃ရက်၊ နေ့လည် ၁၂နာရီ မိနစ် ၂၀တွင် မင်းတပ်စည်ပင်ဈေးမှ ဆိုင်ခန်းများ မီးစတင်လောင်ကျွမ်း ခဲ့ပြီး နေ့လည် ၁နာရီ ၃၀မိနစ်တွင် မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများပူးပေါင်းက မီးငြိမ်းသတ်နိုင်ခဲ့သည်။

စည်ပင်ဈေးရှေ့ရှိ မီးသတ်စခန်းသည် အရံမီးသတ်စခန်းသာဖြစ်သဖြင့် ပြင်ဆင်မှုများဆောင်ရွက်ပြီး မြို့နယ်မီးသတ် တပ်မဖွဲ့မှ မီးသတ်ကား ၂စီ၊ ရေသယ်ကား ၃စီး(ကုမ္ပဏီရေသယ်ကား ၁စီးအပါအဝင်)၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၂၀ဦး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ဦးနှင့် ဒေသခံများပူးပေါင်းကာ မီးငြိမ်းသတ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly