စာရေးဆရာမ Harper Lee ၏ ရုပ်အလောင်းကို Alabama ပြည်နယ်တွင် မြှုပ်နှံ

စာရေးဆရာမ Harper Lee ၏ ရုပ်အလောင်းကို Alabama ပြည်နယ်တွင် မြှုပ်နှံ

“To Kill a Mocking bird” ဝတ္ထုကို ရေးသားခဲ့သော စာရေးဆရာမ Harper Lee ၏ ရုပ်အလောင်းအား အမေရိကန်နိုင်ငံ Alabama ပြည်နယ် ရှိ သူ၏ ဇာတိမြို့တွင် မြှုပ်နှံလိုက်ကြသည်။ Harper Lee ၏ ဈာပနကို စနေနေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပူလစ်ဇာဆုရှင် ဝတ္ထုရေးဆရာမ Harper Lee မှာ သောကြာနေ့က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ် ရှိပြီဖြစ်ကာ၊ Monroeville မြို့တွင် ပြုလုပ်ခဲ့သော ဈာပနသို့ သူနှင့် နီးစပ်သော မိသားစုဝင်များနှင့် မိတ်ဆွေများ တက်ရောက်ခဲ့ကြသည်။

သူ၏ ဝတ္ထု “To Kill a Mockingbird” မှာ အမေရိကန် တောင်ပိုင်းရှိ လူမျိုးရေး သည်းမခံမှှု အကြောင်းကို ရေးဖွဲ့ထားခြင်း ဖြစ်ပြီး၊ ကမ္ဘာအဝှမ်းတွင် အုပ်ရေ သန်းပေါင်း ၄၀ ကျော် ရောင်းချခဲ့ရ သည်။

Lee သည် “To Kill a Mockingbird” စာအုပ်ကို ထုတ်ဝေခဲ့ပြီး ၅၅ နှစ် အကြာ ၂၀၁၅ တွင် နောက်ဆက်တွဲ ဇာတ်လမ်း “Go Set a Watchman” ကို ထုတ်ဝေခဲ့သည်။

Harper Lee သည် အိပ်ပျော်နေစဉ်တွင် သောကြာနေ့ နံနက်က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း သူ၏ မိသားစုက ကြေညာချက် တစ်စောင်ထဲတွင် ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags