ယခုလအတွင်း ပိုင်နက်နယ်မြေ စတုရန်းကီလိုမီတာ ၆,၀၀၀ ကို ပြန်လည်သိမ်းပိုက်နိုင်ဟု ဇယ်လန်စကီး ပြော 

ယခုလအတွင်း ပိုင်နက်နယ်မြေ စတုရန်းကီလိုမီတာ ၆,၀၀၀ ကို ပြန်လည်သိမ်းပိုက်နိုင်ဟု ဇယ်လန်စကီး ပြော 

စက်တင်ဘာလ ၁၃ ရက်

ယခုလ တန်ပြန်ထိုးစစ်၌ ရုရှထံမှ ပိုင်နက်နယ်မြေ စတုရန်းကီလိုမီတာ ၆,၀၀၀ ကို ယူကရိန်းတပ်များက ပြန်လည်သိမ်းပိုက်နိုင်ကြောင်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက တနင်္လာနေ့တွင် ပြောသည်. 

“စက်တင်ဘာအစကစလို့ ကျွန်တော်တို့ရဲ့ စစ်သားတွေဟာ အရှေ့ပိုင်းနဲ့ တောင်ပိုင်းက ယူကရိန်းနယ်မြေ စတုရန်းကီလိုမီတာ ၆,၀၀၀ ကို လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်၊ ရှေ့ဆက်ပြီးလည်း ကြိုးစားသွားမှာ ဖြစ်တယ်”ဟု နေ့စဉ်မိန့်ခွန်း၌ ဇယ်လန်စကီးက ပြောသည်။ 

အစ်ဇိုင်ယမ်၊ ကူပီအန်းစ်နှင့် ဘာလက်လီယာတို့အပါအဝင်ဖြစ်သော ဧရိယာတော်တော်များများ ပါဝင်သည့် အရှေ့မြောက်ပိုင်းက ခါကိဗ်ဒေသကို လျှပ်တပြက် ထိုးစစ်ဆင်ရာ၌ အောင်ပွဲများ ရကာ နယ်မြေများ သိမ်းနိုင်ကြောင်း ယူကရိန်းက အတည်ပြုသည်။ 

တောင်ပိုင်း ခါဆွန်ဒေသတွင်လည်း အရေးပါသော အောင်မြင်မှုများ ရရှိကြောင်း ယူကရိန်းက ဆိုပြီး ယင်းဒေသတွင် နယ်မြေ စတုရန်းကီလိုမီတာ ၅၀၀ ကို ပြန်လည်သိမ်းပိုက်နိုင်ကြောင်း ယူကရိန်းစစ်တပ်က တနင်္လာနေ့တွင် ပြောသည်။ 

“ယူကရိန်းသည် ၎င်းအား အားပေးထောက်ခံမှု၌ အပြောင်းအလဲကို ဖော်ဆောင်ပြီဖြစ်ကြောင်း၊ သို့ရာတွင် လက်ရှိ တန်ပြန်ထိုးစစ်က စစ်ပွဲအဆုံးသတ်တော့ ဖြစ်လိမ့်မည် မဟုတ်ကြောင်း” အမေရိကန်အခြေစိုက် စစ်သုတေနဆိုင်ရာပညာရှင်အဖွဲ့က ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly