ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ညစ်ညမ်းပုံလုပ်ကာ ဖေ့စ်ဘုတ်တင်သူကို ၁၂ ကြိမ်မြောက် ရုံးချိန်း ထပ်ချိန်း

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ညစ်ညမ်းပုံလုပ်ကာ ဖေ့စ်ဘုတ်တင်သူကို ၁၂ ကြိမ်မြောက် ရုံးချိန်း ထပ်ချိန်း

ပုသိမ်၊ ဖေဖော်ဝါရီ ၂၃ ။             ။ ကန်ကြီးထောင့်မြို့၊ မြို့နယ်တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအား ညစ်ညမ်း ပုံများပြုလုပ်ကြောင့် စစ်ဆေးနေသည့်အမှုကို ဖေဖော်ဝါရီလ၂၉ ရက်တွင် ၁၂ ကြိမ်မြောက် ရုံးချိန်အ ဖြစ် ချိန်းဆိုလိုက်သည်။

"အခု ရုံးချိန်မှာ စွဲချက်အမိန့်ချတာပါ တရားသူကြီးက မှန်မမှန်မေးပြီး၊ ဦးသန်းထွန်းက ငြင်းလို့ စစ်ဆေးမှုဆက်လုပ်မယ်ပြောတယ်" ဟု တရားလို ဦးစည်သူအောင်က ပြောသည်။

ကန်ကြီးထောင့်မြို့၊ ပြည်ခိုင်ဖြိုးပါတီ တွဲဘက်အတွင်းအရေးမှူး ဦးသန်းထွန်းမှ ဒေါ်အောင် ဆန်းစုကြည်ပုံများအား ညစ်ညမ်းပုံများပြုလုပ်ပြီး လူမှုကွန်ယက်စာမျက်နှာ ဖေ့စ်ဘုတ်ပေါ်တွင်Thu Thuအကောင့်ဖြင့် တင်ကြောင်း ကန်ကြီးထောင့်မြို့မှ ဦးစည်သူအောင်မှ တရားလိုပြု တရားစွဲထား ခြင်းဖြစ်ပြီး၊ ကန်ကြီးထောင့်မြို့၊ မြို့မရဲစခန်းမှ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထား ခဲ့သည်။

အမှုနှင့်ပတ်သက်ပြီး တရားခံစွပ်စွဲခံရသူ ဦးသန်းထွန်းအား မေးမြန်းရန် ကြိုးစားရာ ၎င်းရှေနေ့ ဦးပြုံးချိုမှ "သူ့မှာ ဖြေချင်စိတ်ရှိမှာမဟုတ်ဘူး"ဟု ပြောသည့်အတွက် မေးမြန်းခွင့် မရခဲ့ပေ။ ဦးသန်းထွန်းကို နိုဝင်ဘာ ၂၁ရက်က ဖမ်းဆီးကာ ပုသိမ်အကျဉ်းထောင်တွင် ထားရှိပြီး ဒီဇင် ဘာ ၂ ရက်က ပထမအကြိမ်အဖြစ် တရားလိုသက်သေများ စတင်စစ်ဆေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly