မြောင်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ်များအားမီးရှို့ဖျက်ဆီးကာ ဒေသခံ ၂၀ ကျော် ပေါ်တာဆွဲခံရ

မြောင်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ်များအားမီးရှို့ဖျက်ဆီးကာ ဒေသခံ ၂၀ ကျော် ပေါ်တာဆွဲခံရ

September 6

မန္တလေး(မဇ္ဈိမ)။ ။စစ်ကောင်စီတပ်သည်၊ မြောင်မြို့နယ်အတွင်းရှိကျေးရွာများသို့ အင်အားအလုံးအရင်း ဖြင့်စစ်ကြောင်းထိုးပြီး ဒေသခံ ၂၀ ကျော်ကို ပေါ်တာဆွဲသွားကြောင်း သတင်းရရှိသည်။

“မင်းလှက ရွာသားငါးယောက်၊ ငါးရံ့အို(ကျေးရွာ)က တစ်ယောက်၊ အားလုံးပေါင်း လူ ၂၀ လောက်ရှိတယ်။ သူတို့စစ်ကြောင်းထိုးတဲ့နောက်ကို အထုပ်ထမ်းဖို့ဆိုပြီး ဖမ်းခေါ်သွာတာ။ ဒါကပေါ်တာဆွဲတာပါပဲ။ ငါးရံ့အို ကတစ်ယောက်ဆိုရင် ကလေးသာသာအရွယ်ရှိသေးတာ” ဟု မြောင်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းသို့၊ သြဂုတ်လ ၃၁ ရက်နေ့ကစတင်ကာ စစ် ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် စက်တင်ဘာလ ၅ ရက်နေ့ညပိုင်းအထိ ဒေသခံ ၆,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“ဒီမနက် ၉ နာရီလောက်က ပန်းညိုရွာကထွက်လာတဲ့စစ်ကြောင်းက မြေတော်ရွာကိုဝင်ပြီး မီးရှို့တယ်၊ အဲဒီစစ်ကြောင်းပဲ မနေ့ မနက်ပိုင်းက ပန်းညိုရွာထဲဝင်စီးပြီး အိမ်နှစ်လုံးကို မီးရှို့သွားတယ်။ စစ်ကြောင်း ရွှေ့တော့ ရွာသားတွေကိုပေါ်တာဆွဲသွားတယ်။ အခု ဘူးကိုင်း၊ ဆယ်ရွာ၊ ခေါင်းခွဲ၊ ဆင်မင်း၊ မယ်မသော် သောင်ကြီး အဲဒီဘက်ကဒေသခံတွေထွက်ပြေးနေရတာ ၆,၀၀၀ ကျော်လောက်ရှိနေပြီ” ဟု ဒေသခံတစ်ဦး ကပြောသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် မြေတော်ကျေးရွာနှင့် ဘူးကိုင်းကျေးရွာတို့ သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များအားမီးရှို့ဖျက်ဆီးကာ ဒေသခံနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း လည်း သိရသည်။

လက်ရှိတွင် အိမ်ပေါင်းမည်မျှလောင်ကျွမ်းသွားသည်ကိုအတည်မပြုနိုင်သေးကြောင်းနှင့် ဖမ်းဆီးခံထားရ သည့် ပြည်သူနှစ်ဦးအနက် တစ်ဦးမှာအပြင်းအထန်ရိုက်နှက်ခံထားရကြောင်း မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(Civilians Defense Security Organization Myaung-CDSOM) ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required