တနင်္သာရီမြို့ လယ်သစ်ကျေးရွာ၌ တိုက်ပွဲဖြစ် စစ်ကောင်စီဘက်က ၅ ဦးသေဆုံး

By ကိုရွှေမြိတ်
05 September 2022
တနင်္သာရီမြို့ လယ်သစ်ကျေးရွာ၌ တိုက်ပွဲဖြစ် စစ်ကောင်စီဘက်က ၅ ဦးသေဆုံး

September 5

မဇ္ဈီမ ။ ။ တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် လယ်သစ်-ထိန်ချောင်း၀ ကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်တွင် စစ်ကောင်စီနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးနှင့် ပျူစောထီး နှစ်ဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ပကဖ) ထံမှ သိရ သည်။

အဆိုပါ လယ်သစ်-ထိန်ချောင်း၀ ကျေးရွာအနီးကို ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ နီးပါးဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ရာမှ မြိတ်ခရိုင် တပ်ရင်း (၂) တပ်ခွဲ (၂)၊ တနင်္သာရီ (ပကဖ)၊ တနင်္သာရီ ကာကွယ်ရေးပြောက်ကျား၊ တနင်္သာရီ ရိုးမနှင့် မြိတ်(ပကဖ) တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PDF ရဲဘော် တစ်ဦးက ပြော သည်။

PDF ရဲဘော် တစ်ဦးက“စစ်တပ်ဘက်က သုံးဦးနဲ့ ပျူစောထီး နှစ်ဦး ပေါင်း ငါးဦးသေတယ်၊ တစ်ဦး အပြင်းထန် ဒဏ်ရာရတယ် လက်ရှိကတော့ တိုက်ပွဲ ခဏငြိမ်နေတယ်”ဟု ပြော သည်။

ယင်းတိုက်ပွဲကြောင့် လယ်သစ်ရွာ အပါဝင် အနီးနားက ရွာသုံးရွာမှ ဒေသခံ ပြည်သူ ၅၀၀ နီးပါး ဘေးလွတ်ရာ တိမ်းရှောင် ထွက်ပြေးနေရကြောင်း သိရ သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#လယ်သစ်ရွာ

#PDF

#တနင်္သာရီမြို့နယ်

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly