စစ်ကောင်စီ ဘက်ကရပ်တည်တဲ့ ဆရာတော်တွေဟာ လူထုကပ်တဲ့ဆွမ်းကိုစားပြီးတော့ လူထုကို ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြုမူတယ်ဟု ပြည်ကြီးတံခွန်ဆရာတော်မိန့် 

စစ်ကောင်စီ ဘက်ကရပ်တည်တဲ့ ဆရာတော်တွေဟာ လူထုကပ်တဲ့ဆွမ်းကိုစားပြီးတော့ လူထုကို ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြုမူတယ်ဟု ပြည်ကြီးတံခွန်ဆရာတော်မိန့် 

ကော်သူးလေ (မဇ္စျိမ)။

“ဒါက လုံးဝကိုမဖြစ်သင့်တဲ့အရာတွေပါ။ မြတ်စွာဘုရားရဲ့မျက်နှာကို အိုးမဲသုတ်တာ နဲ့အတူတူပဲ။ လူထုကို လှန်ပြနေတာနဲ့ အတူတူပါပဲ။ ရိုင်းရိုင်းပြောရရင် အဲ့ဒီပုံစံမျိုး။ လူထုကပ်တဲ့ ဆွမ်းကိုစားပြီးတော့ လူထုကိုရိုင်းရိုင်းစိုင်းစိုင်းတွေ ပြုမူတယ်လို့ သတ်မှတ် တယ်” ဟု ပြည်ကြီးတံခွန်ဆရာတော်ဉူးအဂ္ဂဝံသ က မဇ္ဈိမသတင်းဋ္ဌာနနဲ့ သီးသန့်အင်တာဗျူး အပေါ်မှာ မိန့်ကြားခဲ့တာပါ။ 

မဇ္ဈိမသတင်းဌာနရဲ့ သတင်းထောက် ကိုထွန်းထွန်းဝင်းက စစ်ကောင်စီဘက်က ရပ်တည်နေတဲ့ ဆရာတော်တွေနဲ့ပတ်သက်တဲ့ မေးခွန်းကို မေးမြန်ခဲ့ရာမှာ ဆရာတော်က ယခုလို မိန့်ကြားခဲ့ပါတယ်။ 

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ သီတင်းသုံးခဲ့တဲ့ ဆရာတော်ဥူးအဂ္ဂဝံသ ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကို နေ့စဉ်ဆိုသလို ဆန္ဒပြနေတာဟာ တစ်နှစ်နဲ့ ခုနှစ်လ ကျော်ရှိလာပါပြီ။ 

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရမှုအခြေအနေ ၊ ဘယ်လိုအကြောင်းအရာတွေကြောင့် အာဏာရှင်စစ်တပ်ကို ဆန့်ကျင်ခဲ့ရတာလဲ ၊ စစ်ကောင်စီဘက်ကနေ ရပ်တည်ပေးနေတဲ့ ဆရာတော်တွေ အပေါ်အမြင် ၊ စစ်တပ်ရဲ့ခေါင်းကိုင် ဆရာတော် သီတဂူဆရာတော်ရဲ့ မသိကျေးကျွန်ပြုမှုများ စတဲ့အကြောင်းအရာတွေကို မဇ္ဈိမသတင်းဌာနရဲ့ သတင်းထောက် ကိုထွန်းထွန်းဝင်းက ပြည်ကြီးတံခွန်ဆရာတော် ဥူးအဂ္ဂဝံသ အား ယခုလို ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။ 

စာတည်း။     ။မောင်ကောင်း
#အင်တာဗျူး
#ပြည်ကြီးတံခွန်ဆရာတော်
#ဥူးအဂ္ဂဝံသ
#စစ်ကောင်စီ
#ဆန့်ကျင်ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly