အပူပိုင်းမုန်တိုင်း Ma-On ကြောင့် တရုတ်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်း

By VOA
28 August 2022
အပူပိုင်းမုန်တိုင်း Ma-On ကြောင့် တရုတ်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်း

အပူပိုင်းမုန်တိုင်း Ma-On ကြောင့် တရုတ်နိုင်ငံတောင်ပိုင်းနှင့် ဗီယက်နမ်မြောက်ပိုင်းဒေသများတွင် သြဂုတ် ၂၅ရက်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည်။

မုန်တိုင်းအားနည်းပြီး ယူနန်ပြည်နယ်နှင့် ဗီယက်သို့ မဝင်ရောက်မီတွင် ကွမ်တုံပြည်နယ်တွင် မုန်တိုင်းဗဟိုချက် ကြောင့် နေ့လယ်ပိုင်းလောက်တွင်  မြေပြိုမှုများဖြစ်ပွားမည်ဟု ခန့်မှန်းထားကြောင်း တရုတ်နိုင်ငံတော် မိုးလေဝသဌာနက ပြောကြားခဲ့သည်။ 

မုန်တိုင်းမဝင်ရောက်မီတွင် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ပြီး ဒေသအချို့တွင် မီးရထားနှင့် ကူးတို့ဝန်ဆောင် မှုများကို ရပ်ဆိုင်းထားခဲ့သည်။

မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများနှင့် လူတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဟောင်ကောင်အာဏာပိုင်များက သတင်းဖော်ပြခဲ့သည်။

ချင်းဟိုင်ပြည်နယ်ရှိ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုဖြစ်သည့် ဟိုင်နန်ခရိုင် မန်ဂရာတွင် သြဂုတ်လ ၂၀ရက် က မိုးသီးကြွေခြင်းနှင့် မိုးဆက်လက်ရွာသွန်းခြင်းတို့ကြောင့် လူ ၅ ဦးနှင့် တိရစ္ဆာန်များသေဆုံးခြင်း၊ တိဗက် လူမျိုးများအသုံးပြုသည့် တဲများပျက်စီးခြင်းအပါအဝင် အပျက်အစီးများခဲ့ရကြောင်း ဒေသခံ တိဗက် လူမျိုး တစ်ဦးနှင့် အဝေးရောက်နေထိုင်သူတစ်ဦးက RFA သို့ ပြောကြားခဲ့သည်။ 

“တကယ်တော့ ရေတွေက မန်ဂရာကောင်တီက ပန်ချန်နဲ့ ပန်ချွန် စားကျက်မြေဒေသတွေကနေ လာတာပါ” ဟု ယင်းဒေသ တွင်းရှိ တိဗက်လူမျိုးတစ်ဦးက ဆိုသည်။

ချင်ဟိုင်ပြည်နယ် စာဟော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် မုန်တိုင်းနှင့် မိုးရွာသွန်းမှုကြောင့် သေဆုံးသူ ၂၆ ဦးအထိ ရှိခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

ကန်စုပြည်နယ်၊ ဂန်နန်တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၊ ရှားဟော်ကောင်တီရှိ ကျေးရွာ ၇ ရွာကျော်တွင် ရေကြီးရေလျှံမှုများကြောင့် မြေပြိုသဖြင့် လမ်းများပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ပစ္စည်းများ ပျက်စီးခဲ့ကြောင်း သတင်း များက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly