ဝမ်းတွင်းမြို့နယ် ထနောင်းကုန်းရွာမှ စစ်ကောင်စီသတင်းပေးဆိုသူအား WPDF မှ ဒုတိယအကြိမ် သတိပေးစာပို့

ဝမ်းတွင်းမြို့နယ် ထနောင်းကုန်းရွာမှ စစ်ကောင်စီသတင်းပေးဆိုသူအား WPDF မှ ဒုတိယအကြိမ် သတိပေးစာပို့

ဩဂုတ် ၂၂

(မဇ္ဇျိမ)။ ။မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်၊ ထနောင်းကုန်းကျေးရွာမှ စစ်ကောင်စီသတင်းပေးဆိုသူ ဦးစိန်ညွန့်အား သြဂုတ်လ ၂၀ ရက်နေ့က ဝမ်းတွင်း WPDF အဖွဲ့မှ ဒုတိယအကြိမ်မြောက် သတိပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။

ဦးစိန်ညွန့်အား စစ်ကောင်စီကိုသတင်းပေးနေသောလုပ်ရပ်များ ရပ်တန်းကရပ်ရန်နှင့် ဆက်လက်လုပ် ဆောင်နေပါက ၎င်း၏အသက်နှင့် မိသားစု၏ အသက်ကို အာမခံမည်မဟုတ်ကြောင်း သတိပေးထား သည်။

“ထနောင်းကုန်းမှာဆန္ဒပြတုန်းက သူ့ကြောင့် သုံးယောက်မိတယ်။ PDF ထဲဝင်တဲ့မိသားစုတွေရဲ့ အိမ်တွေ ကိုလည်း စစ်ကောင်စီကိုပြပြီး မီးရှို့ခိုင်းတာတွေလုပ်တယ်" ဟု ဝမ်းတွင်း WPDF အဖွဲ့ခေါင်းဆာင် ဗိုလ် တောက်ကပြောသည်။

စစ်ကောင်စီသတင်းပေးဟုယူဆရသူ ဦးစိန်ညွန့်ကြောင့် PDF မိသားစုဝင်များ၊ ဆန္ဒထုတ်ဖော်သူများနှင့် ရိက္ခာပို့ဆောင်နေသောအဖွဲ့များပါ ဒုက္ခရောက်နေရကြောင်းသိရသည်။

ဝမ်းတွင်း WPDF က သြဂုတ်လ ၁၇ ရက်နေ့ စစ်ကိုင်းတံတားဖြစ်စဥ်နှင့်ပတ်သက်၍ အာကာသယာဥ် လိုင်းမှ ယာဉ်မောင်းနှင့် သက်ဆိုင်သူများအား မန္တလေး-ဝမ်းတွင်းလမ်းအတွင်း ဖြတ်သန်းသွားလာပါက သုတ်သင်ရှင်းလင်းမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသေးသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

#ဝမ်းတွင်းမြို့နယ်

#စစ်ကောင်စီသတင်းပေး

#ဝမ်းတွင်းWPDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly