ဖားကန့်တွင် အင်တာနက်ဖြတ်တောက်ခံရမှု ၁ နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်

ဖားကန့်တွင် အင်တာနက်ဖြတ်တောက်ခံရမှု ၁ နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်

ဩဂုတ် ၂၀

ဖားကန့် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အင်တာနက်ဖြတ်တောက်ခံရမှု တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်နှင့် KIA, PDF, NUG ထောက်ခံ ပွဲကို ယနေ့ ဩဂုတ်လ ၂၀ ရက်တွင် ပြုလုပ်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၀ ရက်နေ့သည် ဖားကန့်မြို့တွင် အင်တာနက်ဖြတ်တောက်ခံရသည့် တစ်နှစ်ပြည့်နှစ်ဖြစ်ပြီး ဆန္ဒပြပြည်သူများက “Stop internet shutdown Hpakant”၊ “ No internet,365 days”၊ “Internet access is Human Right”၊ “internet ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေဆိုးနဲ့သေပါစေ”၊ “ internet သာဖြတ်လို့ရမယ် စစ်အာဏာရှင်တော်လှန်ရေးစိတ်ဓာတ်ကိုတော့ ဖြတ်တောက်လို့မရစေရ” ဟူသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။။ ။ အောင်ကျော်ဖြိုး

#ဖားကန့်

#အင်တာနက်

#စစ်အာဏာရှင်

#ကချင်ပြည်နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly