လပွတ္တာမြို့ရွှေပေါ်ကျွန်းရှိ သိမ်းဆည်းထားသည့် လယ်မြေဧက ၈၀၀၀ကျော် မူလတောင်သူပြန်လိုချင်

လပွတ္တာမြို့ရွှေပေါ်ကျွန်းရှိ သိမ်းဆည်းထားသည့် လယ်မြေဧက ၈၀၀၀ကျော် မူလတောင်သူပြန်လိုချင်

ပုသိမ်၊ဖေဖော်ဝါရီ ၁၈ ။           ။ လပွတ္တာမြို့၊ ကုက္ကိုကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်း ပေါ်ရှိ လယ်မြေဧက ၈၀၀၀ ကျော်အား မူလတောင်သူများထံ ဥပဒေအတိုင်းပြန်လည်ပေးအပ် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုထားသော်လည်း ယခုအထိမရသေးကြောင်း သိမ်းဆည်းခံ တောင်သူများက ပြောသည်။

"ကျွန်တော်တို့ လယ်တွေကို သက်ဆိုင်ရာတောင်းတော့လည်း ဖြေရှင်းမပေးဘဲအချိန်ဆွဲထားတယ်၊သူများတွေ လုပ်နေပြီး ကျွန်တော်တို့တောင်သူတွေက လုပ်ခွင့်မရဘူး၊ ကိုယ်ပိုင်တဲ့လယ်တွေ ပြန်လို ချင်ပြီး" ဟုရွှေပေါ်ကျွန်းမှ သိမ်းဆည်းခံတောင်သူ ဦးဝင်းမြင့်က ပြောသည်။

၁၉၉၁ခုနှစ်တွင် တောင်သူ ၃၀၀ လုပ်ကိုင်နေသည့် လယ်မြေပေါ်တွင် သစ်တောဦးစီးဌာန မှ ဒီရေတောစိုက်ပျိုးရန်အတွက် သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"သူတို့တွေ သိမ်းပြီး ဒီရေတော အနည်းငယ်စိုက်ပြီးမလုပ်တော့ဘူး၊နောက် ၄ဧကကို နှစ်စဉ်၄၅၀၀၀ကျပ်ပေး ဆောင်ပြီးလုပ်ခွင့်ပြုတယ်၊ ကျွန်တော်တို့ သူများပေးသလို ပေးမယ် လယ်လုပ်ခွင့်ပေး ဖို့ပြောတော့၊ အရင်တောင်သူတွေ တယောက်မှ မလုပ်ရဘူးပြောတယ်၊ ကျွန်တော်တို့ တဘက်ကမ်းမှ ကြုံရာလုပ်စားပြီးနေရ ဟု သိမ်းဆည်းခံတောင်သူများက ဆိုသည်။

ယခင်က မြေနုတွေပို့ချ၍ ကျွန်းဖြစ်သွားလာသည့်အတွက် ၁၉၇၁ခုနှစ်မှစ၍ တောင်သူများက လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း စပါးအထွက်နှုန်းကောင်းသည့်အတွက်  ရွှေပေါ်ကျွန်းဆိုပြီးခေါ် ဆိုခြင်းဖြစ်ကြောင်း တောင်သူများက ဆိုသည်။

"ကျွန်တော်တို့လယ်တွေပြန်ရဖို့ ၂၀၁၃ က စတင်လုပ်ဆောင်လာတယ်၊ကျွန်တော်တို့၂၀၁၄မှ လယ်လုပ်လို့ ၄၄၇၊၄၂၇နဲ့တရားစွဲခံရတယ်၊၂၀၁၅ခုနှစ် သြင်္ကန်မကျခင်မှာ ကျွန်တော်တို့ လာနေတယ်အိမ်တွေကို တဘက်ကမီးရှို့တာတွေဖျက်တာတွေလုပ်တယ်" ဦးဝင်းမြင့်ကပြောသည်။

"ဧရာဝတီတိုင်းထဲမှာ သိမ်းဆည်းခံလယ်တွေအများကြီးပဲ၊ပြန်ပေးဖို့ကျတော့ ဥပဒေနဲ့လုပ်ဆောင်တာထပ် အဂတိလိုက်စားလုပ်တာတွေ၊အစိုးရသစ်မှာ လယ်ယာမြေဥပဒေတွေနဲ့အညီ လုပ်တောင်ပေးစေချင်တယ်"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ လူအခွင့်အရေးလှုပ်ရှားသူများကွန်ရက်မှ ဦးထွန်းထွန်းဦးက မဇ္ဈိမသို့ပြောသည်။

ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရလက်ထက်တွင် မအူပင်မြို့၊လယ်ယာမြေပြဿနာများ ၊ပန်းတနော်၊ ညောင်တုန်း၊ကျောင်းကုန်း၊လပွတ္တာမြို့နှင့် မော်လမြိုင်ကျွန်းမြို့းမှ အများဆုံးဖြစ်ပြီး၊လယ်သမားများမှာ ပုဒ်မ ၄၄၇၊၄၂၇တို့ဖြင့်တရားစွဲခံရမှုများ လည်းဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly