ရုပ်ရှင်နှင့် ပြဇာတ်ဆိုင်ရာ ဒီပလိုမာဘွဲ့ ယူခဲ့တဲ့ ပက်ခ်ရှင်ဟေး

ရုပ်ရှင်နှင့် ပြဇာတ်ဆိုင်ရာ ဒီပလိုမာဘွဲ့ ယူခဲ့တဲ့ ပက်ခ်ရှင်ဟေး

တောင်ကိုရီးယားမင်းသမီး ပက်ခ်ရှင်ဟေးသည် ဆိုးလ်မြို့ ချောင်အမ်တက္ကသိုလ်မှ ရုပ်ရှင်နှင့် ပြဇာတ်ဆိုင်ရာ ဒီပလိုမာဘွဲကို ရရှိခဲ့သည်။

ပက်ခ်ရှင်ဟေးသည် ဘွဲ့အခမ်းအနားပြီးနောက် ဒီပလိုမာဘွဲ့ လက်မှတ်ကို ကိုင်ဆောင်ကာ  ဓာတ်ပုံ ရိုက်ခဲ့ကြောင်းနှင့် ပက်ခ်သည် ပန်းရောင်အင်္ကျီ၊ အပြာရောင် ဂျင်းဘောင်းဘီနှင့် ဘွဲ့ဝတ်စုံ အနက်ရောင် ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားသည်။

ပက်ခ်သည် ၂၀၀၈ ခုနှစ်က ချောင်အမ်တက္ကသိုလ်ကို တတ်ရောက်ခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ ၁၅ ရက်က Girls’ Generation အဖွဲ့ဝင်များဖြစ်သော ဆိုယောင်၊ ယူရီတို့နှင့်အတူ ဘွဲ့ယူခဲ့ကြသည်။ ယူရီ၊ ဆိုယောင်နှင့် ပက်ရှင်ဟေးတို့သည် ၂၀၁၆ ခုနှစ် ချောင်အမ်တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်အနားတွင် ဓာတ်ပုံ အတူရိုက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly