ပုသိမ်အကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသားများ ၈၈၈၈ အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်

ပုသိမ်အကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသားများ ၈၈၈၈ အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်

ဩဂုတ် ၉
မဲဆောက်(မဇ္စျိမ)။   ။ ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် ဩဂုတ်လ ၈ ရက်နေ့ မနက်ပိုင်းအချိန်က (၃၄ ) နှစ်မြောက် ရှစ်လေးလုံး အောက်မေ့ဖွယ် အခမ်းအနားကို ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများက  ပြုလုပ်ခဲ့​သည်ဟု အကျဥ်းထောင်ဝန်ထမ်းများထံက သိရသည်။

အဆိုပါ နိုင်ငံရေးအကျဥ်းသားများသည် ၎င်းတို့ ဖမ်းဆီးခံထားရသည့် အခန်းများတွင် ၈၈ အရေးအခင်းတွင်ကျဆုံးခဲ့သူများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သူများအား အလေးပြုခြင်း၊ ဆုတောင်းပေးခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထောင်ဝန်ထမ်းက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဥ်းသား ဦးရေ၃၅၀ ခန့်ရှိနေသည်ဟု ပုသိမ်အကျဉ်းထောင် ဝန်ထမ်းများထံက သိရသည်။

စာတည်း ။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ဧရာဝတီတိုင်း
#ပုသိမ်အကျဉ်းထောင်
#နိုင်ငံရေးအကျဉ်းသားများ
#ရှစ်လေးလုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly