တရုတ်နှင့် ထိုင်ဝမ် ရေတပ်သင်္ဘောများ ရေလက်ကြား အလယ်မျဉ်းအနီးတွင် ဆက်ရှိနေဟု ဆို

တရုတ်နှင့် ထိုင်ဝမ် ရေတပ်သင်္ဘောများ ရေလက်ကြား အလယ်မျဉ်းအနီးတွင် ဆက်ရှိနေဟု ဆို

ဩဂုတ်လ ၇ ရက်

တရုတ်နှင့် ထိုင်ဝမ် ရေတပ်သင်္ဘော ၁၀ စင်းခန့်သည် ဩဂုတ် ၇ ရက် မနက်ပိုင်းက ထိုင်ဝမ် ရေလက်ကြား အလယ်မျဉ်း၏ အနီး တစ်ဖက်တစ်ချက်စီတွင် ဆက်ရှိနေခဲ့ကြကြောင်း ထိုကိစ္စနှင့်ပတ်သက်ပြီး သိရှိသည့် သတင်းရင်းမြစ်တစ်ဦးက ရိုက်တာကို ပြောသည်။

တရုတ်သင်္ဘောများသည် ကြားခံနယ်မြေထဲသို့ ထပ်တလဲလဲ တိုးကပ်လာမှုများ ရှိခဲ့ပြီး တစ်ချိန်တည်းမှာပင် ထိုသင်္ဘောများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ထိုင်ဝမ်ရေတပ်ကလည်း မလှမ်းမကမ်းတွင် ရှိနေခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

လက်ရှိအချိန်အထိ နှစ်ဖက်စလုံးသည် ထိန်းသိမ်းသည်းခံမှုကို ပြသထားကြောင်း ဒေသ၌ လုံခြုံရေး အစီအစဉ်ရေးဆွဲမှုနှင့် အကျွမ်းတဝင် ရှိသည့် သတင်းရင်းမြစ်က ပြောသည်။

တရုတ်နှင့် ထိုင်ဝမ်ကို ပိုင်းခြားထားသည့် အလယ်မျဉ်းအနီး ပြီးခဲ့သည့် တနင်္လာနေ့ကလည်း အလားတူ ရေတပ် လှုပ်ရှားမှုများ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly