တိုက်ပွဲဖြစ်ပွားရာဒေသများသို့ အစားအသောက်နှင့်ဆေးဝါးသယ်ဆောင်ခွင့် စစ်ကောင်စီကန့်သတ်ထား ကြောင်း OCHA ထုတ်ပြန်

တိုက်ပွဲဖြစ်ပွားရာဒေသများသို့ အစားအသောက်နှင့်ဆေးဝါးသယ်ဆောင်ခွင့် စစ်ကောင်စီကန့်သတ်ထား ကြောင်း OCHA ထုတ်ပြန်

ဩဂုတ် ၄

ရန်ကုန် (မဇ္စျိမ) ။ ။ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစု များအကြား တိုက်ပွဲများပြင်းထန်လျက်ရှိရာ ယင်းဒေသများအတွင်းသို့ လူသားချင်းစာနာမှုဆိုင်ရာအကူ အညီများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးပစ္စည်းသယ်ဆောင်ခွင့်ကို စစ်ကောင်စီကကန့်သတ်ထား ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA) ယမန်နေ့ သြဂုတ် ၃ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသများတွင် အရပ်သားကာကွယ်စောင့်ရှောင့်ရေးနှင့် လူသာချင်းစာနာမှု ဆိုင်ရာအကူအညီပေးရေးအခြေအနေများသည် ပိုမိုဆိုးရွားလာနေသည်ဟု ဆိုသည်။

နိုင်ငံ၏ အနောက်မြောက်ဖက်နှင့် အရှေ့တောင်ဖက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းအရှေ့ခြမ်း တို့တွင် ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲများပြင်းထန်နေသည့်အတွက် နေရပ်စွန့်ခွာထွက်ပြေးသူ ထောင် ချီရှိနေသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ရခိုင်ပြည်နယ်အတွင်း၌လည်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်အကြား စစ်ရေးတင်းမာမှု မြင့် တက်လာခြင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်နေပြီး၊ ထောက်ပံ့ ကူညီမှုများလုပ်ဆောင်ရန် စစ်ကောင်စီဘက်က ကန့်သတ်ချက်မှုများရှိနေသည်ဟုဆိုသည်။

၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းယူပြီနောက်ပိုင်း ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ် စွန့်ခွာသူ စုစုပေါင်း ၁ ဒသမ ၂ သန်းကျော်ရှိနေပြီး၊ အိမ်နီးချင်းနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်သူ ၄၁,၉၀၀ ဦးရှိနေကြောင်း ဖော်ပြထားသည်။

တည်းဖြတ် - စောဖေ

#OCHA

#စစ်ကောင်စီ

#တိုက်ပွဲများပြင်းထန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required