စစ်ကောင်စီက တောင်ကြီးမြို့တွင် လူ ၅ ဦးထက် ပိုမစုဝေးရ အမိန့်ထုတ်ပြန်

By ဂျူနို (မဇ္ဈိမ)
04 August 2022
စစ်ကောင်စီက တောင်ကြီးမြို့တွင် လူ ၅ ဦးထက် ပိုမစုဝေးရ အမိန့်ထုတ်ပြန်

ဩဂုတ် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လူ ငါးယောက်ထက်ပိုပြီး စုဝေးသွားလာခြင်းမပြုရဟု စစ်ကောင်စီလက်အောက်ခံ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ သြဂုတ်လ ၁ရက်နေ့က ထုတ်ပြန်လိုက်သည်။

တောင်ကြီးမြို့နယ်အတွင်း "အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားစေနိုင်ကြောင်း ''ယူဆသဖြင့်" စုဝေးဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်သည်"ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

''တောင်ကြီးမှာ ပုဒ်မ- ၁၄၄ က စာထုတ်ထားတာပါ၊ ရပ်ကွက်ထဲမှာလိုက်အော်တာမျိုးတော့ မရှိပါဘူး၊ အရင်ရှိပြီးသားအမိန့်ကို သက်တမ်းတိုးတာပေါ့။''ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် တောင်ကြီးမြို့နယ်အတွင်း ည ၁၂နာရီမှ နံနက် ၄ နာရီထိ ညမထွက်ရအမိန့်ကိုလည်း တစ်ပါတည်း ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

တည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#mizzima

#တောင်ကြီးမြို့

#ရှမ်းပြည်နယ်

#ပုဒ်မ-၁၄၄

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly