အရေးကြီး ကိစ္စမရှိဘဲ ပုသိမ်-ချောင်းသာ ကားလမ်းသို့မလာရန် Beach Defence Force သတိပေး

အရေးကြီး ကိစ္စမရှိဘဲ ပုသိမ်-ချောင်းသာ ကားလမ်းသို့မလာရန် Beach Defence Force သတိပေး

ဩဂုတ် ၄

ဧရာဝတီတိုင်း ၊ ပုသိမ်-ချောင်းသာ ကားလမ်းသို့ အရေးကြီးကိစ္စမရှိဘဲ မလာကြရန် ကမ်းခြေကာကွယ်ရေးတပ်ဖွဲ့ (Beach Defence Force) က သြဂုတ်လ ၃ ရက်နေ့ ညပိုင်းက ထုတ်ပြန် ကြေညာခဲ့သည်။

Beach Defence Force အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် "ကျွန်တော်တို့ Beach Defence Force(BDF)အနေဖြင့် ပုသိမ်- ချောင်းသာ ကားလမ်းအား အရေးကြီးကိစ္စမရှိဘဲ လုံးဝမသွားလာကြရန်နှင့် သွားလာသည့်အခါ စစ်ကောင်စီကားများနဲ့ ဝေးဝေးလိုက်ကြရန် ပြင်းပြင်းထန်ထန် သတိပေးထုတ်ပြန်လိုက်ပါသည်"ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ချောင်းသာကမ်းခြေမှ ပုသိမ်ဘက်သို့ပြန်လာသည့် ဟိုတယ်နှင့်ခရီးသွား ဝန်ကြီး ဒေါက်တာ ဌေးအောင်နှင့် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ လိုက်ပါလာသည့်ယဥ်တန်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပုသိမ်-ချောင်းသာ ကားလမ်းပေါ်၌ တိုက်ခိုက်ရာတွင် Beach Defence Forceအဖွဲ့လည်း ပါဝင်ခဲ့သည်။

တည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#mizzima

#BeachDefenceForce

#ဧရာဝတီတိုင်း

#ပုသိမ်-ချောင်းသာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required