ဂျနီဖာလော်ရင့်စ်နဲ့ ဟာသမင်းသား အဇစ်အန်ဆာရီတို့ တွဲနေကြပြီလား

ဂျနီဖာလော်ရင့်စ်နဲ့ ဟာသမင်းသား အဇစ်အန်ဆာရီတို့ တွဲနေကြပြီလား

ဟောလီးဝုဒ်မင်းသမီး ဂျနီဖာလော်ရင့်စ်နှင့် ဟာသမင်းသာ အဇစ်အန်ဆာရီတို့သည် ချစ်သူ များနေ့က အတူ ညစာစားခဲ့ခြင်းကြောင့် ၎င်းတို့နှစ်ဦး တွဲနေကြသည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ်လျက် ရှိသည်။

အသက် ၂၅ နှစ်အရွယ်ရှိ လော်ရင့်စ် နှင့် အသက် ၃၂ နှစ်အရွယ်ရှိ အန်ဆာရီတို့သည် ဝဲလီအမ်ဆပ်မြို့ရှိ Commodore စားသောက်ဆိုင်တွင် ဖေဖော်ဝါရီ ၁၄ ရက်ညက အတူ ညစားစားခဲ့ကြ သည်ဟူသော သတင်းမှာ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်ဟု သတင်းအရင်းမြစ် တစ်ခုက  People မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

“သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေ ဖြစ်တယ်။ သူတို့နှစ်ဦးဟာ အစားအသောက်တွေ စားခဲ့ကြ တယ်။ သူတို့နှစ်ဦးကို ကြည့်ရတာ ပျော်ရွှင်နေပုံရတယ်။ သူတို့ကို ကြည့်ရတာ တစ်ကယ့်ကို သူငယ် ချင်းကောင်းတွေပါ” ဟု သတင်းအရင်းမြစ်က ပြောကြားသည်။

လော်ရင့်စ်နှင့် အန်ဆာရီတို့သည် စားသောက်ဆိုင်၏ ထောင့်တစ်နေရာတွင် ထိုင်ခဲ့ကြပြီး ရယ်မောကာ စကားပြောကြားခဲ့သည်။ လော်ရင့်စ်သည် ညနေစာ အမှတ်တရအဖြစ် အန်ဆာရီနှင့် ၎င်းကို ဓာတ်ပုံရိုက်ပေးရန် စားပေးထိုးကို အကူညီ တောင်းခဲ့သည်။

လော်ရင့်စ်နှင့် အန်ဆာရီတို့ကို ပြီးခဲ့သည့်နှစ် နှောင်ပိုင်းကလည်း  အတူတွေ့ရှိခဲ့သည်။ လော်ရင့်စ်သည် ၂၀၁၄ ခုနှစ်က အချိန်ကြာမြင့်စွာ တွဲလားသော ချစ်သူ နီကိုးလက်စ်ဟော့ဒ်နှင့် လမ်းခွဲခဲ့သည်။ ယင်းနောက်ပိုင်းတွင် Coldplay အဖွဲ့ခေါင်းဆောင် ခရစ်မာတင်နှင့် ခဏတာ တွဲခဲ့သည်။ အန်ဆာရီသည် ဇန်နဝါရီလက ၎င်း၏ ချစ်သူ စားဖိုမှူး ကော့နေးမက်စ်ဘရွမ်နှင့် လမ်းခွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly