ဝိုင်းမော်အခြေစိုက် အမှတ် (၅၈) ခြေလျင်တပ်ရင်းမှ ကေအိုင်အေတပ်ဖွဲ့များ ရှိမည်ထင်သောနေရာသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်

ဝိုင်းမော်အခြေစိုက် အမှတ် (၅၈) ခြေလျင်တပ်ရင်းမှ ကေအိုင်အေတပ်ဖွဲ့များ ရှိမည်ထင်သောနေရာသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်

ဇူလိုင် ၂၉

ဝိုင်းမော်မြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်းဖြစ်သည့် အမှတ် (၅၈) ခြေလျင်တပ်ရင်းမှ ကေအိုင်အေတပ်ဖွဲ့များ ရှိမည်ထင်သောနေရာသို့ လက်နက်ကြီးဖြင့် ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့ ကြောင်း ဒေသခံများထံမှသိရသည်။

၁၂၀ မမ / ၈၀ မမ ကဲ့သို့သော လက်နက်ကြီးများဖြင့် ယမန်နေ့ ဇူလိုင်လ ၂၈ ရက် ည ၉ နာရီ ၃၀ မိနစ် ခန့်မှစပြီး ခလရ(၅၈)တပ်မှ ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်သံများကို ဝိုင်းမော်မြို့ တစ်ဖက်ကမ်းရှိ မြစ်ကြီးနားမြို့ကပင် ကြားရတယ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ခလရ(၅၈) ကျောထောက်နောက်ခံပြုထားသော လီဆူ(ဝူယန်) ဌာနေပြည်သူ့စစ်စခန်းကို ကေအိုင်အေ တပ်မဟာ(၅)လက်အောက်ခံ တပ်ရင်း(၃)မှ လာရောက်တိုက်ခိုက်ခြင်းခံခဲ့ရသည့်အတွက် ခလရ(၅၈)ကို လည်း ကေအိုင်အေတပ်ဖွဲ့ဝင်များ လာရောက်တိုက်ခိုက်မည်ကိုစိုးရိမ်သည့်အတွက် ကြောက်လန့်ပြီး ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံသတင်းရင်းမြစ်များက သုံးသပ်ပြောဆိုသည်။

ယခုကဲ့သို့ ပစ်ခတ်မှုများနှင့်ပက်သက်ပြီး ထိခိုက်မှုအခြေအနေကို မဇ္ဈိမမှလည်း စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိတွင် ခလရ (၅၈) တပ်အပါအဝင် လီဆူပြည်သူ့စစ်စခန်း၌လည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်အမြောက်အများဖြည့်တင်ထားကြောင်း အမည်မဖော်လိုသည့် တပ်တွင်းသတင်းရင်းမြစ်များက ဆိုသည်။

#Mizzima

#ဝိုင်းမော်မြို့

#ခလရ(၅၈)

#ကေအိုင်အေ

#လီဆူပြည်သူ့စစ်စခန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required