ဆားလင်းကြီးမြို့နယ် ရေခါးကျေးရွာရှိ ဒေသခံနေအိမ်များကို စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီး

By လွှမ်းမိုး
28 July 2022
ဆားလင်းကြီးမြို့နယ် ရေခါးကျေးရွာရှိ ဒေသခံနေအိမ်များကို စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီး

ဇူလိုင် ၂၈

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်၊ ရေခါးကျေးရွာရှိ ဒေသခံများ၏ နေအိမ်များကို ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်မှ စတင်၍ စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

"စစ်ကောင်စီ တပ်သားတွေ ကျွန်တော်တို့ရွာဘက်ကိုလာပြီ ဆိုကတည်းက ဘာပစ္စည်းမှကို မယူနိုင်ဘူး။ ကျွဲတွေ၊နွားတွေ အစာလည်း မကျွေးနိုင်ဘူး။ အကုန်ပစ်ပြီး ပြေးခဲ့ရတာ။ စစ်ကောင်စီတပ်က တွေ့တဲ့လူ အကုန်ဖမ်းပြီး သတ်နေတာဆိုတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ လူလွတ်ပြေးခဲ့ရတယ်။ ရွာကိုတော့ မနက် ၈နာရီခွဲလောက်ကတည်းက မီးရှို့နေတာ အခုချိန်ထိပဲ။ အိမ်ခြေ ဘယ်လောက်ပါ သွားတယ် ဆိုတာတော့ မသိရသေးဘူး" ဟု ဒေသခံပြည်သူ တစ်ဦးက မဇ္ဈိမကိုပြော သည်။

ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် အင်အား ၁၅ဝ ခန့်သည် ရွာစဉ်ထိုး ဝင်ရောက်မွှေနှောက် ဖျက်ဆီးနေမှုများကြောင့် ကျေးရွာ ငါး ရွာမှ ဒေသခံပြည်သူများ ကြောက်ရွံ့ထိတ်လန့်ကာ ထွက်ပြေးတိမ်ရှောင်နေရကြောင်းသိရ သည်။

#Mizzima

#ဆားလင်းကြီးမြို့နယ်

#ရေခါးကျေးရွာ

#စစ်ကောင်စီတပ်

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly