ဗြိတိန် BAFTA ဆုပေးပွဲတွင် အောင်ပွဲခံခဲ့တဲ့ “The Revenant” ရုပ်ရှင်ကား

ဗြိတိန် BAFTA ဆုပေးပွဲတွင် အောင်ပွဲခံခဲ့တဲ့ “The Revenant” ရုပ်ရှင်ကား

ဗြိတိန်၏ အကြီးဆုံး ရုပ်ရှင်အကယ်ဒမီပေးပွဲဖြစ်သည့်  BAFTA ဆုပေးပွဲတွင် “The Revenant” ရုပ်ရှင်ကားသည် ဆုများကို သိမ်းကြုံးရယူခဲ့ပြီး အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာ အဲလက်ဂျန်ဒရိုဂျီ အင်နီရာတူက အကောင်းဆုံး ဒါရိုက်တာဆုနှင့် မင်းသား လီယိုနာဒိုဒီကာပီရိုက အကောင်းဆုံး မင်းသားဆုတို့ကို ရရှိခဲ့သည်။

ဖေဖော်ဝါရီ ၁၄ ရက်က လန်ဒန်တွင် ကျင်းပပြုလုပ်ခဲ့သော အဆိုပါ ဆုပေးပွဲတွင် “The Revenant” ရုပ်ရှင်ကားသည် အသံနှင့် ရုပ်ရှင်ရိုက်ကူးရေး ပညာဆုအပါအဝင် ဆုငါးဆုကို ဆွတ်ခူး ခဲ့သည်။

အော်စကာ ဆန်ခါတင်စာရင်းတွင် ဦးဆောင်နေပြီး ယခုနှစ် ဆုပေးပွဲများတွင် ဆုများစွာကို ဆွတ်ခူးထားသည့် “The Revenant” ရုပ်ရှင်ကားတွင် လီယိုနာဒိုသည် သားမွှေးသားရေရဖို့ တောကောင်တွေ ကိုထောင်ချောက်ဆင်ဖမ်းတဲ့ တောလိုက်မုဆိုးတစ်ဦး ဝက်ဝံကုပ်ခံရလို့ သေပြီဆိုပြီး  ၎င်း၏ အပေါင်းဖော်များက ပစ်ထားခဲ့ရာမှ ကြမ်းတမ်သော ဆောင်းရာသီတွင် အသက်ရှင်သန်နေ ထိုင်ခဲ့ကာ လက်တုံ့ပြန်ခဲ့သူတစ်ဦးအဖြစ် သရုပ်ဆောင်ထားသည်။

လီယိုနာဒိုသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် အော်စကာဆုပေးပွဲတောင် အကောင်းဆုံး သရုပ်ဆောင်ဆုအတွက် ရေးပန်းစားနေသူတစ်ဦး ဖြစ်သည်။

ကိပ်ဝင်းစလက်သည် “Steve Jobs” ရုပ်ရှင်ကားဖြင့် ဇာတ်ပို့ သရုပ်ဆောင်မင်းသမီး ဆုကို ရရှိခဲ့ပြီး မက်ခ်ရိုင်လက်စ်သည် “Bridge of Spies” ရှပ်ရှင်ကားတွင် ဆိုဗီယက်သူလျိုအဖြစ် သရုပ် ဆောင်မှုဖြင့် အကောင်းဆုံး ဇာတ်ပို့မင်းသားဆုကို ရရှိခဲ့သည်။

“The Big Short” ရုပ်ရှင်ကားသည် ဆီလျော်အောင် ပြင်ဆင်ထားသော ရုပ်ရှင်ဇာတ်ညွန်းဆု၊ “Spotlight” ရုပ်ရှင်ကားသည် အကောင်းဆုံးမူရင်း ရုပ်ရှင်ဇာတ်ညွန်းဆုနှင့် “Brooklyn” ရုပ်ရှင်ကား သည် ထူးချွန် ဗြိတိန်ရုပ်ရှင်ဆုတို့ကို ဆွတ်ခူးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly