ဦးဝင်းထိန်အမှု ရာဇဝတ်ပြင်ဆင်မှုလျှောက်ထားချက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပယ်ချ

ဦးဝင်းထိန်အမှု ရာဇဝတ်ပြင်ဆင်မှုလျှောက်ထားချက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပယ်ချ

ဇူလိုင် ၂၂

NLD သဘာပတိအဖွဲ့ဝင်ဦးဝင်းထိန်အား ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ထားသည့်အမှု ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားချက်ကို ပယ်ချလိုက်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇူလိုင် ၂၁ ရက် ညနေ ပိုင်းတွင် ထုတ်ပြန်သည်။

အမှုကို လက်ခံကြားနာရန် သင့်၊ မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက လျှောက်လဲချက်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်သို့အယူခံတက်ရာတွင် ပယ်ချခံရသည့်အတွက် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံဆက်တက်ရာ ထပ်မံပယ်ချခံရခြင်းဖြစ် သည်။

“ပယ်မှာပါ။ သိပြီးသားပါ။ တင်ပြီး လျှောက်လဲချက်ပြီးရင် ပလပ်ပါတယ်။ ညနေဆို သိကြမှာပါ”ဟု နီးစပ် သူတစ်ဦးက ပြောသည်။

အယူခံအဆင့်ဆင့်တက်ခြင်းမှာ ဦးဝင်းထိန်အား ပြစ်ဒဏ်ချမှတ်ခြင်းသည် ဉပဒေနှင့် မညီညွတ်ကြောင်း၊ ၎င်းအား စွပ်စွဲထားသကဲ့သို့ ရည်ညွှန်းခြင်းမရှိကြောင်းကို ထောက်ပြခြင်းဖြစ်ကြောင်း ၎င်းက ပြောထားသည်။

စစ်ကောင်စီလက်အောက်ခံ ဉတ္တရခရိုင်စီမံအုပ်ချုပ်မှုကောင်စီဉက္ကဋ္ဌ ဦးအေးလူက တရားလိုပြုလုပ်ပြီး ဦးဝင်းထိန်အနေဖြင့် စစ်တပ်ကအာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့က နေပြည်တော်တွင် သတင်း ထောက်များနှင့်တွေ့ဆုံပြီး ဖြေကြားခဲ့ခြင်း၊ ပြည်သူသို့ပန်ကြားချက်ထုတ်ပြန်ခြင်း စသည့်တို့အပေါ် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဒက္ခိဏခရိုင်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။

နိုင်ငံတော်၏အာဏာကိုယူထားသည့် ပါတီကြီးတစ်ခု၏သဘာပတိအနေဖြင့် ရုတ်တရက် ပေါ်ပေါက်လာ သော နိုင်ငံရေးအခြေအနေပေါ်တွင် မိမိ၌တာဝန်ရှိသည်ဟုယူဆပြီး ပြောသင့်ပြောထိုက်သည့် စကားများ ကိုပြောခဲ့သည့်အတွက် ပါတီ၏သဘောထားကို ပါတီဝင်များနှင့် မဲဆန္ဒရှင်များသိစေရန် ထုတ်ပြန်ကြေ ညာခဲ့ခြင်းသာဖြစ်၍ အပြစ်မရှိဟု ဦးဝင်းထိန်က ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က တရားခွင်တွင် ထွက်ဆိုခဲ့သည်။

#Mizzima

#ဦးဝင်းထိန်

#ပြည်ထောင်စုတရားလွှတ်တော်ချုပ်

#ရာဇဝတ်ပြင်ဆင်မှုလျှောက်ထားချက်

#ပယ်ချ

#နိုင်ငံတော်အကြည်အညိုပျက်စေမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly