ဒေးဒရဲမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယဖြစ်သူတို့ အသတ်ခံရ

ဒေးဒရဲမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယဖြစ်သူတို့ အသတ်ခံရ

ဇလိုင် ၂၁

ဧရာ၀တီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အင်းဒူးကျေးရွာတွင် ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းက အင်းဒူး ကျေးရွာဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်နှင့်ကပ္ပိယဖြစ်သူတို့ အသတ်ခံခဲ့ရကြောင်း ဒေသခံများ မှ သိရသည်။

သက်တော်(၉၃)နှစ်အရွယ် ဆရာတော်ဉူးအိန္ဒြိယနှင့် ကပ္ပိယဖြစ်သူ ဦးမောင်စောတို့ အသတ်ခံခဲ့ရခြင်း ဖြစ်ပြီး ဓားဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဆရာတော်က သက်တော် ၉၃ နှစ်နဲ့ ဝါတော် ၇၃ ဝါ ရှိပြီ။ အင်းဒူးဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်တာ ဆိုရင် နှစ် ၃၀ လောက်ရှိပြီ။ ၁၉ ရက်နေ့ ညပိုင်းမှာ ဆရာတော်က ဓါးဒဏ်ရာသုံးချက်နဲ့ ပျံလွန်တော်မူပြီး ကပ္ပိယကတော့ ဓါးဒဏ်ရာတစ်ချက်နဲ့ သေနေတာကိုတွေ့ခဲ့ရတာပါ။ ဆရာတော်က ဘာနိုင်ငံရေးမှလုပ် တာမျိုးမရှိတဲ့အတွက် ဓားပြတိုက်တယ်လို့ ယူဆရပါတယ်” ဟု ၎င်းကဆိုသည်။

ကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယဖြစ်သူတို့ကို ဓားဖြင့်သတ်ခဲ့သူသည် ဘုန်းကြီးကျောင်းပေါ်ရှိ သေတ္တာ နှင့် ဗီရိုများကိုမွှေနှောက်ရှာဖွေကာ ဘုန်းကြီးကျောင်းပိုင် အလှူငွေကျပ် ၁၀ သိန်းခန့်ကိုယူဆောင်သွား သည်ဟုလည်း ဒေသခံကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင် ဆရာတော်နှင့် ကပ္ပိယဖြစ်သူတို့ကို PDF များက သတ်ဖြတ်သွားသည်ဟုဖော်ပြနေသော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် ယခုကဲ့သို့လုပ်ရပ်မျိုးကို လုပ်မည်မဟုတ်ကြောင်း ဖျာပုံခရိုင် ဧရာဗေဒါပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္စျိမကိုပြောသည်။

“ ပြည်သူတွေကိုကာကွယ်ဖို့ဖွဲ့ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီလိုဘုရားသားတော်ကို သတ်တဲ့ လုပ်ရပ်မျိုး လုပ်မှာမဟုတ်ပါဘူး၊ ဒီလိုတော်လှန်ရေးကာလမှာ လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် ဘုန်း ကြီးတစ်ပါး အသတ်ခံရရင် PDF လက်ချက်မဟုတ်ရင် စစ်ကောင်စီဘက်ကလုပ်တယ်လို့ပဲထင်ကြမှာပဲ။ ဒါကြောင့် PDF တွေကို နာမည်ဖျက်ချင်လို့ အကွက်ကျကျစီစဉ်ပြီးလုပ်တာလို့ မြင်တယ်” ဟု ဧရာဗေဒါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

#Mizzima

#ဧရာ၀တီတိုင်း

#ဒေးဒရဲမြို့နယ်

#အင်းဒူးကျေးရွာ

#ကျောင်းထိုင်ဆရာတော်

#အသတ်ခံရ

#ဧရာဗေဒါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly