ဆိုးလ်၊ ဖေဖော်ဝါရီ ၁၃ ။ ။ တောင်ကိုရီးယား ဒရမ်မာဇာတ်ကား “ My Love from the Star” ဇာတ်ကားသည် တရုတ်နိုင်ငံတွင် လူကြိုက်များမှု ရရှိခဲ့သည်။ ယင်းဇာတ်ကားတွင် ထိပ်တန်း အနုပညာရှင်များဖြစ်သော မင်းသား ကင်ဆိုဟွန်းနှင့် မင်းသမီး ဂျန်ဂျီဟွန်းတို့ ပါဝင်သရုပ်ဆောင်ထားသည်။
ယင်းဇာတ်ကားသည် ဂျိုဆောင်မင်းဆက် ခေတ်က ကမ္ဘာမြေပေါ်သို့ ဂြိုလ်သားတစ်ဦး ရောက်ရှိလာပြီး ခေတ်သစ်သို့ ကူးပြောင်းသွားသော ဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။
ဒရမ်မာဇာတ်ကားသည် ပျမ်းမျှ ကြည့်ရှုသူနှုန်း သုည ဒသမ ၅ ရာခိုင်နှုန်းဖြင့် လူကြိုက်များမှုကို ရရှိထားကြောင်း တရုတ် ရုပ်မြင်သံကြား ကွန်ရက် Anhui ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော အချက်အလက်များအရ သိရသည်။
တရုတ်နိုင်ငံ၏ တင်းကြပ်သော ရုပ်မြင်သံကြား စည်းမျဉ်စည်းကမ်းများကြောင့် ယင်းဇာတ်ကားကို တရုတ်နိုင်ငံတွင် မပြသမီ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများသည် အတက်အကျ ရှိမည်ဟု ခန်းမှန်းထားသည်။ တရုတ်နိုင်ငံတွင် ဂြိုလ်သား သို့မဟုတ် သရဲ ကဲ့သို့သော ဇာတ်ကောင်စရိုက်များ ရုပ်မြင်သံကြားတွင် ပြသမှုကို တားမြစ်ထားသော်လည်း “ My Love from the Star” ဒရမ်မာ ဇာတ်ကား၏ အဓိကဇာတ်ကောင်စရိုက်ဖြစ်သော ဒိုမင်ဂျွန် ဇာတ်ကောင်စရိုက်သည် ဂြိုလ်သား ဇာတ်ကောင်စရိုက်ဖြစ်သည်။ ဒိုမင်ဂျွန်အဖြစ် မင်းသား ကင်ဆိုဟွန်းက ပါဝင်သရုပ်ဆောင်ထားသည်။
ယခုနှစ်အစောပိုင်းက တရုတ်နိုင်ငံတွင် အဆိုပါ ဒရမ်မာဇာတ်ကားကို ပြသခဲ့ရာ iQiyi အပါအဝင် ဗီဒီယိုများ ရယူနိုင်သော တရုတ် ဝက်ဆိုက်ဘ်များမှတစ်ဆင့် ကြည့်ရှုသူ ၄ ဘီလီယံခန့် ရရှိထားသည်။