မန္တလေးမြို့တွင် နိုင်ငံရေးနှင့်မသက်ဆိုင်သူများ ဖုန်းဆက်ငွေညှစ်ခံနေရ ဟုဆို

မန္တလေးမြို့တွင် နိုင်ငံရေးနှင့်မသက်ဆိုင်သူများ ဖုန်းဆက်ငွေညှစ်ခံနေရ ဟုဆို

ဇူလိုင် ၁၈

မန္တလေးမြို့တွင် နိုင်ငံရေးနှင့်မသက်ဆိုင်သူများလည်း တယ်လီဖုန်းဖြင့် ငွေညှစ်ခံနေရကြောင်း ငွေညှစ်ခံ ခဲ့ရသူများအပါအ၀င် ၎င်းတို့နှင့်နီးစပ်သူများထံမှ သိရသည်။

“အခုဖုန်းနံပါတ်ပိုင်ရှင်က နိုင်ငံရေးလုပ်တယ်လို့ သတင်းရထားတယ်၊ အဲဒါ ကျွန်တော်တို့ဘက်က ဖမ်း ၀ရမ်းထုတ်ဖို့ရှိတယ်၊ ဘယ်လိုညှိချင်လဲဆိုပြီး ဖုန်းဆက်လာတယ်။ ကျွန်တော်တို့က ငါတို့ ဘာနိုင်ငံရေးမှ မလုပ်တဲ့အတွက် ဘာမှညှိစရာမရှိဘူးလို့ပြန်ပြောတော့၊ ဒါဆို အခုလာခဲ့မယ်ဆိုပြီး ဖုန်းချသွားတယ်။ ကျွန်တော့်လိုပဲ မိတ်ဆွေသူငယ်ချင်းတွေလည်းကြုံခဲ့ရလို့ အခု ဖုန်းနံပါတ်နဲ့တကွ ဖေ့စ်ဘွတ်ပေါ်တင်ထား တယ်” ဟု ငွေညှစ်ခံခဲ့ရသူတစ်ဦးကပြောသည်။

တယ်လီဖုန်းဖြင့်ငွေညှစ်သူက ၎င်းသည်စစ်ကောင်စီတပ်မှဗိုလ်ကြီးတစ်ဦးဖြစ်ကြောင်း မိတ်ဆက်ပြောဆို ပြီး ငွေညှစ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော့်အသိတချို့လည်း အဲဒီလိုဖုန်းဆက်ခံရတယ်၊ တစ်ယောက်ဆိုရင် သိန်း ၅၀ အထိ ငွေညှစ် တယ်။ အဲဒီလောက်တော့မတတ်နိုင်ဘူးဆိုတော့ နောက်ဆုံး နှစ်သိန်းနဲ့ညှိတယ်။ တချို့က အ တော့ ခံရတယ်” ဟု ငွေညှစ်ခံခဲ့ရသူနှင့်နီးစပ်သည့် မစ္ဇျိမ၏သတင်းရင်းမြစ်က ဆိုသည်။

အလားတူ KBZ Kpay ရုံးကဟုဆိုကာ သုံးစွဲသူများ၏အချက်အလက်တောင်းယူခြင်းများလည်းရှိနေပြီး ယခုလတ်တလော ကိစ္စရပ်တစ်ခုဖြစ်သည့် Kaung For You ကျောင်းတည်ထောင်သူ ဦးကောင်းသိုက်စိုး အဖမ်းခံရခြင်း၏နောက်ဆက်တွဲကိစ္စများကိုအသုံးချပြီး ငွေညှစ်တောင်းယူနေခြင်းများရှိနေကြောင်း သိရ သည်။

#Mizzima

#မန္တလေးမြို့

#ငွေညှစ်ခံရ

#ဖုန်းဆက်ငွေတောင်း

#KaungForYou

#ဖမ်းဆီးခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly