ပုသိမ်ကြီးမြို့နယ်တွင် သက်တော် ၇၂ နှစ်အရွယ် သံဃာတော်တစ်ပါး ဆွဲကြိုးချသေဆုံးမှုဖြစ်ပွား

ပုသိမ်ကြီးမြို့နယ်တွင် သက်တော် ၇၂ နှစ်အရွယ် သံဃာတော်တစ်ပါး ဆွဲကြိုးချသေဆုံးမှုဖြစ်ပွား

ဇူလိုင် ၁၈

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေထွက်သီရိရတနာကျောင်းတွင် သီတင်းသုံးနေထိုင်သည့် သက်တော် ၇၂ အရွယ် သံဃာတော်တစ်ပါး ဇူလိုင် ၁၈ ရက်နေ့ နံနက် ၅ နာရီခန့်က ဆွဲကြိုးချသေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

“ မြောင်းဘေးသစ်ကိုင်းမှာ ဆွဲကြိုးချပြီးသေဆုံးနေတာကို လမ်းသွားလမ်းလာတွေက တွေ့တာ။ ရေထွက်ကျေးရွာနဲ့ နှမ်းကြဲ ကျေးရွာအကြားမှာပါ။ မြောင်းရဲ့ဟိုးဘက်အခြမ်းမှာတော့ ခလရ(၄) ၁၁၉ ပုသိမ်ကြီး ရှိတယ်။ ဆွဲကြိုးချတဲ့နေရာနဲ့တော့ ဝေးတယ်” ဟု Patheingyi Information ကပြောသည်။

နံနက် ၅ နာရီခန့်ကသေဆုံးဖွယ်ရှိပြီး လက်ရှိအချိန်တွင် မန္တလေးဆေးရုံကြီးရင်ခွဲရုံဌာနသို့ PR-21 ဖြင့် ပို့ဆောင်ထားကြောင်း အဆိုပါဒေသမှ လူမှုကူညီရေးအသင်းဖြစ်သော ရွှေကြေးစည်အသင်းက သတင်း ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ရေထွက်သီရိရတနာကျောင်းတိုက်နှင့် သက်တော် ၇၂ နှစ်ကိုသာသိရှိရပြီး ဘွဲ့အမည် နှင့် ဆွဲကြိုးချသေဆုံးရသည့်အကြောင်းကို ဒေသခံအများစုက သိရခြင်းမရှိသေးကြောင်း သိရသည်။

Photo Crd- ရွှေကြေးစည်လူမူကူညီရေးအသင်း

#Mizzima

#မန္တလေးတိုင်း

#ပုသိမ်ကြီးမြို့နယ်

#သံဃာတော်

#ဆွဲကြိုးချသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly