ကမ္ဘောဇဘဏ်ခွဲ အနုကြမ်းစီးခံရပြီး ငွေကျပ်သိန်း၁၈၀၀ကျော်ပါသွား

ကမ္ဘောဇဘဏ်ခွဲ အနုကြမ်းစီးခံရပြီး ငွေကျပ်သိန်း၁၈၀၀ကျော်ပါသွား

ဇူလိုင် ၁၅

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြိုနယ်၊၁၃၃-၁၃၄လမ်းကြား၊၇၈ လမ်းရှိ ကမ္ဘောဇဘဏ် ခွဲအနုကြမ်းစီးခံရပြီး ငွေကျပ်သိန်း၁၈၀၀ကျော်ပါသွားကြောင်း သိရသည်။

ယနေ့(ဇူလိုင်လ ၁၅ရက်)နေ့ နေ့လည်၁၂နာရီခန့်ကမန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊စက်မှုပန်းခြံဘဏ်ခွဲသို့ ဆိုင်ကယ်နှစ်စီးဖြင့် အမျိုးသားနှစ်ဦးရောက်ရှိလာကာ ကွန်ပျူတာနှစ်လုံးကိုရိုက်ခွဲ၍ ဝန်ထမ်းများအားသေနတ်ဖြင့်ချိန်ကာ စားပွဲပေါ်မှ ငွေကျပ် ၁၈၀၀ကျော်ကို ယူဆောင်သွားကြောင်းသိရသည်။

ထို့နောက် ဘဏ်ကောင်တာပေါ်တွင် PVCပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးထားကာ ပြန်ထွက်သွားကြောင်းသိရသည်။

လက်ရှိတွင်စစ်အုပ်စုကစစ်ကားသုံးစီးဖြင့်ရောက်ရှိလာကာ အင်အား၅၀ခန့်ဖြင့် လမ်းများကိုပိတ်ဆို့စစ်ဆေးနေပြီး အနီးပတ်ဝန်းကျင်ရှိပြည်သူများအားဆဲဆိုကာ ထွက်မကြည့်ရန်ပြောဆိုနေကြောင်းမြို့ခံများထံကသိရသည်။

မန္တလေးမြို့တွင် အနုကြမ်းစီးမှု၊ဓားပြတိုက်မှုများဆက်တိုက်ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် ဇူလိုင်လ၁၁ရက်နေ့ကလည်း စိန်သန့်စင်လုပ်ငန်းလုပ်ကိုင်သည့် မန္တလေးမြို့လည်ခေါင်ကနေအိမ်နှင့် ချမ်းမြသာစည်မြို့နယ်မှ ငွေထုတ်လာသည့် ကားတစ်စီး ဓားပြတိုက်ခံရပြီး အမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required