တနင်္သာရီမြို့ သိန္ဓောရွာတွင် စစ်ကောင်စီ သတင်းပေး ဒလန်ဟု စွပ်စွဲခံရသူ ရှင်းလင်းခံရ

By ကိုရွှေမြိတ်
12 July 2022
တနင်္သာရီမြို့ သိန္ဓောရွာတွင် စစ်ကောင်စီ သတင်းပေး ဒလန်ဟု စွပ်စွဲခံရသူ ရှင်းလင်းခံရ

တနင်္သာရီ၊ဇူလိုင်လ(၁၂)

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ သိန္ဓောကျေးရွာတွင် ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် စစ်ကောင်စီ သတင်းပေး ဒလန် (သူသျှို) ဟု စွပ်စွဲခံရသူ အမျိုးသား တစ်ဦးကို တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေးဖွဲ့ (ပကဖ) က ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ယင်း အဖွဲ့က ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ပစ်ခတ် ရှင်းလင်း ခံရသူ (သူသျှို) အသေးလေး သည် သိန္ဓောကျေးရွာတွင် လူမနေသော အိမ်များ၌ ပစ္စည်းများ ခိုးယူပြီး ပြန်လည် ရောင်းချနေ၍ စစ်ကောင်စီတပ်၏ စီးပွားရေး လည်ပတ်နိုင်ရန် ကိုယ်တိုင် ဆောင်ရွက်ပေးနေခြင်းအပြင် သတင်းပေးဒလန်ပါ လုပ်နေသည့်အတွက် ပစ်ခတ် ရှင်းခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါ အဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထိုသို့သော စစ်ကောင်စီ တပ်ဖွဲ့နှင့် ပတ်သက် ဆက်နွယ်သည့် လုပ်ရပ်များကို ပြုလုပ်သူများကို တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေးဖွဲ့ (ပကဖ) က ထပ်မံ ရှင်းလင်း သွားမည်ဟုလည်း သိရသည်။

#mizzima

#သတင်းပေးဒလန်

#တနင်္သာရီမြို့နယ်

#ရှင်းလင်း

#ကာကွယ်ရေးဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly