ရန်ကုန်တိုင်း မြို့နယ်တချို့တွင် ရာအိမ်မှူးအများစု နုတ်ထွက်ချင်ကြသော်လည်း နုတ်ထွက်ခွင့်မရ

ရန်ကုန်တိုင်း မြို့နယ်တချို့တွင် ရာအိမ်မှူးအများစု နုတ်ထွက်ချင်ကြသော်လည်း နုတ်ထွက်ခွင့်မရ

ဇူလိုင် ၁၁

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့တွင် အပိုင်ရာအိမ်မှူးတချို့ နုတ်ထွက်ချင်ကြသည့်တိုင် နုတ်ထွက်ခွင့်မရဘဲ ဆက်လက်လုပ်ကိုင်နေရသည်ဟု သိရသည်။

အထူးသဖြင့် လက်တလောတွင် အုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှူးများတိုက်ခိုက်ခံရပြီးနောက်ပိုင်း နုတ်ထွက်ချင်သည့်သူ အများအပြားရှိနေခြင်းလည်း ဖြစ်သည်။

''ကျွန်တော်တို့ သတင်းတွေတွေ့မှာပါ၊တော်ကြာ အုပ်ချုပ်ရေးမှူးရုံးကိုလက်လုပ်ဗုံးပစ်ပြန်ပြီ၊ တော်ကြာအုပ်ချုပ်ရေးမှူး ၊ရာအိမ်မှူးတွေကိုသေနတ်နဲ့ပစ်ခံရပြန်ပြီဆိုပြီး သတင်းတွေတက်လာတယ်။ တစ်ခါကျွန်တော်တို့ ရာအိမ်မှူးတွေက ကိုယ့်အလုပ်မလုပ်ရဘဲ အခုမဲစာရင်းတွေမြေပြင်တိုက် စစ်ဆေးခြင်းဆိုပြီးလည်း နေ့တိုင်းလုပ်နေရတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့လုံခြုံရေးကိုလည်း ဘယ်သူမှတာဝန်ယူပေးတာ မဟုတ်ဘူး၊တာဝန်အချိန်ကလွဲရင် အပြင်မထွက်နဲ့ဆိုပြီး ပြောတယ်ဗျာ၊ ကျွန်တော့်မိသားစုစားဖို့သောက်ဖို့ ဘယ်သူတာဝန်ယူပေးမှာလဲ။ ဒါကြောင့် ထွက်ဖို့စာတင်ထားတယ်''ဟု ရွေပေါက္ကံမြို့ရှိ အပိုင်ရာအိမ်မှူးတစ်ဦးက ဆိုသည်။

''နုတ်ထွက်မယ်ဆိုတော့လည်း စာတင်တယ်၊အဲဒီတော့ အစားထိုးဖို့ကိုယ့်အပိုင်ထဲမှာ ရာအိမ်မှုးတစ်ယောက်လုပ်မဲ့သူ ရှာလာခဲ့တဲ့။ ကိုယ်တောင်မလုပ်ချင်လို့ နုတ်ထွက်တာ ဘယ်သူကို အဆိုပြုရမလဲ'' ဟုလည်း အဆိုပါရာအိမ်မှူးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်း ဇူလိုင် ၇ရက်နေ့ နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဧရာ (၆) လမ်းရှိ စစ်တပ် သတင်းပေး ဒလန်လုပ်နေသည့်ရာအိမ်မှူး သန်းလွင်(ခ) ကံထူး ၏ နေအိမ်ကို ဗုံးပစ်ခံခဲ့ရသည်။

သည့်အပြင် မေလ ၃၀ရက်နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းတံတားအောက်အနီးရှိ အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံခဲ့ရပြီး၊ရပ်ကွက်များမှ ရာအိမ်မှူးတချို့သေနတ်ဖြင့် ပစ်ခံရသည့်ဖြစ်စဉ်များလည်းရှိနေကြောင်း သိရသည်။

ပုံစာ - မဘသ၊ အမျိုးသားရေးအစွန်းရောက်၊ စစ်တပ်ထောက်ခံအားပေး သတင်းပေး ဒလန်လုပ်နေသူဆိုသူ ရာအိမ်မှူး သန်းလွင်(ခ) ကံထူး၏ပုံနှင့် ၎င်း၏နေအိမ်(NorthOkkalapa Information)

#mizzima

#ကျောက်ရေတွင်းတံတားအောက်

#ရာအိမ်မှူးအများစု

#နုတ်ထွက်ချင်

#ဗုံးပစ်ခံခဲ့ရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly