နိုင်ဂျီးရီးယား အသေခံဗုံးခွဲသူ ဆယ်ကျော်သက်မိန်းခလေး သွေးပျက်ကာ သတ်ရန် ထွက်ပြေးခဲ့ဟုဆို

နိုင်ဂျီးရီးယား အသေခံဗုံးခွဲသူ ဆယ်ကျော်သက်မိန်းခလေး သွေးပျက်ကာ သတ်ရန် ထွက်ပြေးခဲ့ဟုဆို

အဘူဂျာ၊ နိုင်ဂျီးယား၊ ဖေဖော်ဝါရီ - ၁၂ ။              ။ အစွန်းရောက် ဘိုကိုဟာရမ်အုပ်စုက ဗုံးအင်္ကျ ီဝတ်ဆင်ပေးကာ လူများနိုင်သမျှများများ သတ်ရန် စေလွှတ်လိုက်သည့် ဆယ်ကျော်သက်မိန်းခလေးမှာ သူမကို ထိန်းချုပ်ခိုင်းစေသူများ၏ မြင်ကွင်းမှ လွတ်ကင်းသွားသည်နှင့် တပြိုင်နက် ဗုံးအင်္ကျ ီကို ဆုတ်ဖြဲကာ ထွက်ပြေးလာခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် သူမ၏ အဖော်နှစ်ယောက်မှာမူ နိုင်ဂျီးရီးယားမြောက်ပိုင်းရှိ ဒီကွာ ဒုက္ခသည်စခန်းမှ ရာနှင့်ချီသည့် လူအုပ်အတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားကာ သူတို့ကိုယ်သူတို့ ဖောက်ခွဲရျ် လူ ၅၈ယောက်ကို သတ်ဖြတ်ခဲ့ခြင်းဖြင့် သွေးပျက်တုန်လှုပ်ဖွယ် မစ်ရှင်ကို ပြီးမြောက်အောင် ထမ်းဆောင်ခဲ့ကြသည်ဟု ဆိုသည်။

နောက်ပိုင်းတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တွေ့ရှိသွားခဲ့သည့် ထိုမိန်းခလေး၏ ဖြစ်စဉ်မှာ ဘိုကိုဟာရမ်များက အသုံးချနေသည့် ကလေးအချို့မှာ သူတို့သေရတော့မည်၊ အခြားသူများကိုလည်း သတ်ဖြတ်ရတော့မည်ကို သိရှိနားလည်နေသည်ကို ဖော်ပြနေသည့် ပထမဆုံး သာဓကပင်ဖြစ်သည်။   

 “လူတွေကို သတ်ရတော့မယ်ဆိုတာကို သိနေတာကြောင့် ထိတ်လန့်တုန်လှုပ်နေတယ်လို့ သူမက ပြောတယ်။ ဒါပေမယ့် သူ့ကို စခန်းဆီခေါ်လာခဲ့တဲ့ လူတွေရဲ့ ညွှန်ကြားချက်တွေကို လွန်ဆန်ရမှာလည်း သူမကြောက်နေတယ်”ဟု မိန်းခလေးကို စစ်ဆေးမေးမြန်းခဲ့သည့် ပြည်သူ့စစ် တိုက်ခိုက်ရေးသမား မိုဒူ အဝါမီက ပြောကြားခဲ့သည်။

 “သူမက ညွှန်ကြားတဲ့အတိုင်း တိုက်ခိုက်ခဲ့ရင် စခန်းထဲမှာ ရှိနေတယ်လို့ သူမသိထားတဲ့ သူမရဲ့အဖေကို သတ်မိမှာလည်း စိုးရိမ်နေတဲ့အကြောင်း လုံခြုံရေးတပ်ဖွဲ့ကို ဝန်ခံခဲ့တယ်”ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါမိန်းခလေးက မစ်ရှင်ကို စွန့်လွှတ်လိုက်ရန် အဖော်နှစ်ယောက်ကို စည်းရုံးဖို့ ကြိုးစားခဲ့သော်လည်း အခြားနှစ်ယောက်ကို စိတ်ပြောင်းအောင် မတတ်နိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ဘိုကိုဟာရမ်တို့၏ အစ္စလာမ်သူပုန်ထမှုမှာ ထွက်ပြေးလာခဲ့ကြသည့် ဒုက္ခသည် ၅၀၀၀၀ကို လက်ခံထားသည့် ဒုက္ခသည်စခန်းမှ ဖုန်းဖြင့် ပြောကြားရာတွင် မိန်းခလေးငယ်က စစ်သားများကို မပေါက်ကွဲသေးသည့် ဗုံးအင်္ကျ ီရှိရာသို့ ခေါ်ဆောင်သွားခဲ့သည့်အခါတွင် သူမပြောပြသည့် ဇာတ်လမ်းမှာ ခိုင်လုံမှန်ကန်သွားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly