ဂျပန်မင်းသား Ken Watanabe အစာအိမ်ကင်ဆာ ဖြစ်

ဂျပန်မင်းသား Ken Watanabe အစာအိမ်ကင်ဆာ ဖြစ်

ဆာမူရိုင်းဇာတ်ကား The Last Samurai ထဲမှ ဂျပန်မင်းသား Ken Watanabe က သူသည် အစာအိမ်ကင်ဆာ ရောဂါ ခံစားနေရကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထိုရောဂါကြောင့် အသက် ၅၆ နှစ် အရွယ် ဂျပန်မင်းသားသည် ဆေးကုသမှှု ခံယူနေရရာ Broadway ပြဇာတ်ရုံတွင် ပြသသည့် “The King and I”  ဂီတပြဇာတ်တွင် ပြန်လည် သရုပ်ဆောင် ရေးကို ဆိုင်းငံ့ထားရသည်။

အော်စကာဆု ပမာဏ စာရင်းဝင်ဖူးသော ဂျပန်မင်းသားသည် ခွဲစိတ်ကုသမှှု ခံယူခဲ့ရပြီး ဂျပန်ရှိ ဆေးရုံတစ်ခုတွင် ပြန်လည်အားမွေးလျက် ရှိကြောင်း သူ၏ ကိုယ်စားလှယ်က ဆိုခဲ့သည်။

ယခင်က လူကီးမီးယား ဝေဒနာကို တိုက်ပွဲဝင်ခဲ့ရသော မင်းသား Watanabe က သူသည် အစာအိမ်ကင်ဆာ ရောဂါ ရနေကြောင်းကို အံ့အားသင့်ဖွယ်ရာ စောစောစီးစီး စစ်ဆေးသိရှိခဲ့ပြီး ခွဲစိတ် ကုသမှှု ခံယူခဲ့ကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။ အစာအိမ်ကင်ဆာ ဖြစ်နေကြောင်းကို ပြီးခဲ့သည့်လက သူ သိရှိခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော် ဆေးစစ်ဖို့ ကျွန်တော့် ဇနီးနဲ့ သမီးက တိုက်တွန်းခဲ့ကြတာပါ။ အဲဒီမှာ ကင်ဆာဖြစ် နေကြောင်း တွေ့ရပါတော့တယ်။ ကင်ဆာရောဂါ အစောပိုင်းအဆင့်ပဲ ရှိပါသေးတယ်။ ခွဲစိတ်ကုသမှှုကို ချက်ခြင်း လုပ်ခဲ့ကြပါတယ်” ဟု သူက ဆိုသည်။

မင်းသား Watanabe မှာ ၂၀၀၃ ခုနှစ် The Last Samurai ဇာတ်ကားအတွက် အကောင်းဆုံး ဇာတ်ပို့ သရုပ်ဆောင်ဆု ပမာဏ စာရင်းဝင်ခဲ့သူ ဖြစ်သည်။ ထိုဇာတ်ကားထဲတွင် သူသည် တွမ်ခရု(စ်) နှင့် တွဲဘက် သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly