နွမ်းပါးသော ကလေးငယ်များကို ကူညီရန် ဝမ် ၂ သန်း လှူဒါန်းခဲ့တဲ့ လီဂျောင်ဆွတ်ခ်

နွမ်းပါးသော ကလေးငယ်များကို ကူညီရန် ဝမ် ၂ သန်း လှူဒါန်းခဲ့တဲ့ လီဂျောင်ဆွတ်ခ်

တောင်ကိုရီးယားမင်းသား လီဂျောင်ဆွတ်ခ်သည် နွမ်းပါးသောကလေးသူငယ်များကို အကူညီ ပေးရန် ကိုရီးယားနိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) သို့ ဝမ်ငွေ ၂ သန်း လှူဒါန်းခဲ့သည်။

လီသည် ဆောင်းရာသီအတွင်း အခက်ခဲဆုံးအချိန်ကို ကျော်ဖြတ်ရသော နွမ်းပါးသည့်ကလေး များကို ကူညီပေးရန် ဆုံးဖြတ်ခဲ့ကြောင်း UNICEF ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော် ပရိတ်သတ်တွေဆီကရတဲ့ အချစ်တွေအားလုံးကို ဘယ်လို ပြန်ပေးဆပ်ရမလဲလို့ ကျွန်တော် တွေးဖူးတယ်။ ကျွန်တော် UINCEF နဲ့ ပူးပေါင်းပြီးတော့  ပြည်သူတွေကို အချစ်တွေ မျှဝေမယ်လို့ တွေးထားတယ်။ ကျွန်တော် ခက်ခဲကြပ်တည်းမှုတွေကို ခံစားနေရတဲ့ ပြည်သူတွေနဲ့အတူ မမေ့နိုင်တဲ့ မင်းသားတစ်ယောက်အဖြစ် ကြိုးစားသွားမှာပါ” ဟု လီက ပြောကြားသည်။

လှူဒါန်းမှုများထဲမှ UNICEF ကိုရီးယားသည် အကူညီလိုအပ်နေသော ပြောင်းရွှေ့လုပ်သား ကလေးငယ်များနှင့် ပြည်ပရောက် ကိုရီးယားလူမျိုးများကို အကူညီပေးရန် ဝမ်တစ်သန်း သုံးစွဲသွားရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly