ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ်နေ့တွင် ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ ကဗျာရွတ် ဆုတောင်း

ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ်နေ့တွင် ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ ကဗျာရွတ် ဆုတောင်း

ဇူလိုင် ၈

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများက ဆဲဗင်းဂျူလိုင်(7 July) အထိမ်းအမှတ်နေ့အား အောက်မေ့သတိရသောအားဖြင့် ကဗျာရွတ်ခြင်း၊ ဆုတောင်းခြင်း၊ ဟောပြောခြင်းများပြုလုပ်ခဲ့ကြကြောင်း အကျဉ်းထောင်ဝန်ထမ်းများထံက သိရသညိ။

အဆိုပါကဗျာရွတ်ဆုတောင်းပွဲကို ဇူလိုင် ၇ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မတရားဖမ်းဆီး ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်က ၎င်းတို့အကျဉ်းချခံထားရသည့် အခန်းများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အကျဉ်းထောင်ဝန်ထမ်းတစ်ဦးထံမှသိရသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် စစ်ခေါင်းဆောင် ဦးနေဝင်း၏ ရက်စက်စွာပစ်ခတ်ဖြိုခွင်းမှုကြောင့် သွေးမြေကျခဲ့ရသည့် ကျောင်းသားများအတွက်ရည်ရွယ်၍ ပုသိမ်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများက ဆုတောင်းခဲ့ကြခြင်းဖြစ်သည်။

ပုသိမ်အကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများသည် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ ပြည့် မွေးနေ့တွင် ကဗျာရွတ်ဆုတောင်းခြင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကျရောက်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး နှစ်ခြောက်လုံးအထွေထွေသပိတ်တွင် ပုသိမ်ထောင်အတွင်း၌ပင် ဆန္ဒထုတ် ဖော်ခြင်းများကို ပြုလုပ်ခဲ့သည်။

#Mizzima

#ဧရာဝတီတိုင်း

#ပုသိမ်အကျဉ်းထောင်

#နိုင်ငံရေးအကျဉ်းသား

#ဆဲဗင်းဂျူလိုင်

#ကဗျာရွတ်ဆုတောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required