ဒီပဲယင်းအနောက်ခြမ်းကျေးရွာများ၌ စစ်ကောင်စီတပ်မှ ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ဒေသခံ ပြည်သူ ရာနှင့်ချီပြီး နေအိမ်စွန့်ခွာထွက်ပြေးနေရ

ဒီပဲယင်းအနောက်ခြမ်းကျေးရွာများ၌ စစ်ကောင်စီတပ်မှ ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ဒေသခံ ပြည်သူ ရာနှင့်ချီပြီး နေအိမ်စွန့်ခွာထွက်ပြေးနေရ

ဇူလိုင် ၆

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အနောက်ခြမ်း ကျေးရွာများတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက် တပ်စွဲထားခြင်းကြောင့် ဒေသခံပြည်သူ ရာနှင့်ချီပြီး နေအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း သတင်း ရရှိသည်။

“အခုညကြီးမိုးချုပ်တင်ကို ထွက်ပြေးနေရတဲ့ဒေသခံ ၁၀၀ ကျော်နေပြီ။ မိုးထဲလေထဲပြေးရတာ။ မပြေး လို့လည်း မရဘူး စကစတွေက မတရားသောင်းကျန်းနေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ညနေပိုင်းက ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆပ်ပြာကျင်း၊ ကျီ၊ ဘုရားထွက်၊ ဘုတ် စသည့် အနောက်ခြမ်းကျေးရွာများသို့ ရဟတ်ယာဉ်ငါးစင်းစာ စစ်သားအင်အား အမြောက်အမြား ချသွားပြီး၊ ဆပ်ပြာကျင်းကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း၊ ဘုတ်ရွာဘုန်းတော်ကြီး ကျောင်းတို့တွင် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

ရဟတ်ယာဉ်များဖြင့် စစ်သားများချသွားပြီးကတည်းက ဒေသခံပြည်သူအချို့ ဘေးလွတ်ရာထွက်ပြေးခဲ့ ကြပြီး ယနေ့ညအထိ နေအိမ်စွန့်ခွာထွက်ပြေးသူ ရာနှင့်ချီရှိနေပြီဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“တချို့ကို ဒေသကာကွယ်ရေးအဖွဲ့တွေက စောင့်ရှောက်ထားတယ်။ တော်တော်များများကတော့ လက် လှမ်းမီရာ ပြေးကြရတာပေါ့ဗျာ။ ဒီပဲယင်းပြည်သူတွေအတွက် အကူအညီတွေ အများကြီးလိုနေပါတယ် ကူလည်းကူညီပေးကြပါ” ဟု ဒီပဲယင်းမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီပဲယင်းအနောက်ခြမ်းကျေးရွာများအား ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းကလည်း ရဟတ်ယာဉ်နှစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ဒီပဲယင်းမြို့နယ်

#နေအိမ်စွန့်ခွာထွက်ပြေးနေရ

#စစ်ကောင်စီတပ်

#ဝင်ရောက်တပ်စွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required