တရုတ်တွင် တုပ်ကွေးကူးစက်နှုန်း ၂ ဒသမ ၈ ရာခိုင်နှုန်းမှ ၃၀ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးလာ

တရုတ်တွင် တုပ်ကွေးကူးစက်နှုန်း ၂ ဒသမ ၈ ရာခိုင်နှုန်းမှ ၃၀ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးလာ

တရုတ်နိုင်ငံတောင်ပိုင်းဒေသအချို့အပါအဝင် တရုတ်တွင် တုပ်ကွေးရောဂါ A (H3N2) တုပ်ကွေးဗိုင်းရပ်စ်များ အဓိကကူးစက်နှုန်းမှာ ဆက်တိုက်မြင့်တက်လာနေသည်ဟု တရုတ်အမျိုးသား တုပ်ကွေးစင်တာ (CNIC) မှ ထုတ်ပြန်ထားသည်။

CNIC ၏ နောက်ဆုံးအစီရင်ခံစာအရ တရုတ်နိုင်ငံတောင်ပိုင်းရှိ ပြည်နယ်ဒေသများတွင် တုပ်ကွေးရောဂါကူး စက်မှုသည် မေ ၉ ရက်မှစပြီး များပြာလာသည်။

မေလအစောပိုင်းတွင် ၂ ဒသမ ၈ ရာခိုင်နှုန်းရှိရာမှ ဇွန်လလယ်တွင် ၃၀ ဒသမ ၁ ရာခိုင်နှုန်းအထိတိုးလာခဲ့ကြောင်း Global Times က ဖော်ပြခဲ့သည်။

ဝယ်လိုအားများပြားမှုကြောင့် oseltamivir ကဲ့သို့သော တုပ်ကွေး ဆေးဝါး များသည် တရုတ်နိုင်ငံတောင်ပိုင်းရှိ ဆေးဆိုင်အများအပြားတွင် ရှားပါးနေကြောင်း မီဒီယာသတင်းများတွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အစီအမံများကြောင့် တုပ်ကွေးရောဂါဖြစ်ပွားမှု၏ အဓိက အကြောင်းရင်း ဖြစ်သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများနှင့် ထိတွေ့မှုနည်းပါးကြောင်း ဆေးပညာရှင်များက မှတ်ချက်ပြုခဲ့သည်။

“နိုင်ငံရပ်ခြားမှာ ကိုဗစ်-၁၉ ထိန်းချုပ်မှု အစီအမံတွေကို ရုတ်သိမ်းလိုက်တာကြောင့် ရောဂါအမျိုးမျိုး ပြန်လည် ပေါ်ပေါက်လာဖို့အတွက် ရေခံမြေခံတွေ ဖန်တီးနေပါတယ်” ဟု ရှန်းကျန့်ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ်ကြီး လူဟုန်ကျိုက ပြောကြားခဲ့သည်။

ကွန်တုံပြည်နယ်တွင် ၂၀၂၂ခုနှစ် ပထမခြောက်လတွင် ရောဂါဖြစ်ပွားသူပေါင်း ၁၂၆၈၅၀ ကျော်ကို မှတ်ပုံ တင်ခဲ့ပြီး ၂၀၂၁ခုနှစ် ပထမနှစ်ဝက်ထက် ၁၀ ဒသမ ၃၈ ဆ ပိုများကြောင်း လူကပြောကြားခဲ့သည်။

တရုတ်အမျိုးသား တုပ်ကွေးစင်တာ (CNIC) ၏ အစီရင်ခံစာအရ ဧပြီ ၄ ရက်မှ ဇွန်လ ၁၉ ရက်အထိပြည် နယ် ၁၇ ခုတွင် တုပ်ကွေးဖြစ်ပွားသူ ၅၀၇ ဦး (အထက်) တွင် ၅၀၃ ဦးမှာ တရုတ်တောင်ပိုင်းမှဖြစ်ပြီး ၂၀၂၁ ခုနှစ် ကာလတူထက် ၁၃၆ ဦး သိသိသာသာ တိုးလာခဲ့ကြောင်း Global Times သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly