စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ မုံရွာမြို့တွင် ရှင်းလင်းခံရ

စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ မုံရွာမြို့တွင် ရှင်းလင်းခံရ

ဇူလိုင် ၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ပျူစောထီးများအား ရိက္ခာထောက်ပံ့ပေးနေသည့် စစ်ကောင်စီသတင်းပေးဟုနာမည်ထွက်သူ တစ်ဦးကိုရှင်းလင်းခဲ့ကြောင်း Monywa Special (PDF) ဒိတ်ဒိတ်ကြဲတပ်ဖွဲ့ က ဇွန်လ ၄ ရက် တွင်သတင်းထုတ်ပြန်သည်။

မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နေ ဦးသိန်းလွင်ဦးဆိုသူအား ဇွန်လ ၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

“ ကျနော်တို့လည်း လူမသတ်ချင်ပါဘူး။ ပျူတွေ ဒလန်တွေလုပ်နေရင်တော့ ရှင်းရမှာ ကျနော်တို့တာဝန်ပါ။ ကျနော်တို့ သူရဲ့လုပ်ကိုင်တာတွေကို သေချာစောင့်ကြည့်ခဲ့တယ်။ စကစ နဲ့အဆက်အသွယ်အလုပ်လုပ်နေတယ်။ အဲဒီနယ်ဘက်မနေရဲလို့ မြို့ပေါ်လာရှောင်နေတဲ့အချိန်မှာ ရှင်းခဲ့တာပါ” ဟု Special ဒိတ်ဒိတ်ကြဲ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းအိမ်ဆိုင်ဖွင့်ထားသောနေရာသို့သွားရောက်ပြီး “ ကျည်ဆန် ငါးတောင့်ဖြင့် ငရဲပြည်သို့အခမဲ့ ပို့ဆောင်ပေးလိုက်သည် ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသွားသူသည် ပျူစောထီးရွာဟု နာမည်ထွက်နေသည့် ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်များနှင့် ၎င်းတို့နောက်လိုက်များအတွက် ရိက္ခာများဝယ်ယူပေးခြင်း၊ အစားအစာများထောက်ပံ့ပေးပြီး စစ်ကောင်စီတပ်နှင့် အလုပ်တွဲလုပ်နေသူဖြစ်ကြောင်း ဆိုသည်။

ပျူစောထီးများနှင့် စစ်ကောင်စီသတင်းပေး (ဒလန်) လုပ်နေသူများကို ပြည်သူဘက် အမြန်ဆုံးရပ်တည်ကြရန်တိုက်တွန်းလိုကြောင်းနှင့် ဆက်လက်ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်နေသောသူများအား အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်အရသိရသည်။

#စစ်ကောင်စီတပ်

#မုံရွာမြို့

#စစ်ကောင်စီသတင်းပေး

#ပျူစောထီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required