ပြောင်းလဲသွားသည့်အခြေအနေဖြင့် မကိုက်ညီသည့် ဥပဒေများပြင်မည်

ပြောင်းလဲသွားသည့်အခြေအနေဖြင့် မကိုက်ညီသည့် ဥပဒေများပြင်မည်

ဧရာဝတီတိုင်းလွှတ်တော် ပထမအကြိမ်အစည်းအဝေးတွင် ပြဌာန်ခဲ့သည့် ဥပဒေ ၂၀ကျော်တွင် ပြောင်းလဲသွားသည့် အခြေအနေဖြင့်မကိုက်ညီသည့် ဥပဒေများကို ပြင်ဆင်ရန်  ဆောင်ရွက်သွားမည်   ဖြစ်ကြောင်း တိုင်းလွှတ်တော်ဥပဒေပြုရေး ကော်မတီဥက္ကဌ ဦးခင်မောင်ဝင်းက ပြောသည်။

ပထမအကြိမ်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုရန် ဥပဒေ ၆ခု ခန့်ကျန်နေသေးကြောင်း၊ ပြဌာန်းထားသည့် ဥပဒေများမှာ အကောင်အထည်မဖော်သေးတာမျိုးရှိနေသေးကြောင်း၊ လိုက်နာရန်ခက်ခဲသည့်ဥပဒေမျိုးနှင့် လိုက်နာရန်မလိုသည့် ဥပဒေများကို ပြန်စိစစ်ရန်ရှိကြောင်း ၎င်းကဆိုသည်။

"ပါတီက သင့်တော်မယ်ထင်လိုတာဝန်ပေးတာ၊တာဝန်ကြီးတယ်ဆိုပေမယ့် ထမ်းဆောင်ရမှာပါ၊ဒီဘက်အချိန်မှာ ပြည်သူလူထုမျှော်လင့်ချက်ရယ်၊နိုင်ငံတော်နဲ့ပါတီချထားတဲ့ မူဝါဒတွေရယ်၊ရွေးကောက်ပွဲ မှာ ပြည်သူလူထုကိုပေးခဲ့တဲ့ ကတိကဝတ်တွေနဲ့ အဲဒါတွေနဲ့သွားရုံပါပဲ။"ဟု ဥအဒေပြုကော်မတီဥက္ကဋ္ဌဦးခင်ဝင်းက  မဇ္ဈိမသို့ပြောသည်။

 ဧရာဝတီတိုင်းဒေသကြီး၊ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဥပဒေပြုရေးကော်မတီ၊တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီနှင့်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ သုံးရပ်အား ဖေဖော်ဝါရီ ၁၁ရက်နေ့ တိုင်းလွှတ်တော်အစည်းအဝေးတွင်ဖွဲ့စည်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly