အော်စကာ အခမ်းအနားအား သပိတ်မှောက်ရန် ရမ်ဘိုမင်းသား စတားလုံး စဉ်းစားခဲ့

အော်စကာ အခမ်းအနားအား သပိတ်မှောက်ရန် ရမ်ဘိုမင်းသား စတားလုံး စဉ်းစားခဲ့

ယခုနှစ် အော်စကာဆု ပမာဏစာရင်းတွင် လူမည်းများနှင့် လူနည်းစုများ မပါဝင်သဖြင့် အငြင်း ပွါးမှှုများ ဖြစ်လျက်ရှိပြီး၊ ထိုကိစ္စကြောင့် အော်စကာ ဆုပေးပွဲ အခမ်းအနားကို သပိတ်မှောက်ရန် စဉ်းစားခဲ့သေးကြောင်း ရမ်ဘိုမင်းသား စတားလုံးက ပြောခဲ့သည်။

အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်သည့် စတားလုံးမှာ လက်ဝှေ့ဒရာမာ ဇာတ်ကား Creed ဖြင့် အကောင်းဆုံး ဇာတ်ပို့ဆုအတွက် အော်စကာ ပမာဏစာရင်းတွင် ပါဝင်သူဖြစ်သည်။

လော့(စ်)အင်ဂျလိ(စ်) တွင် ပြုလုပ်ခဲ့သော၊ အော်စကာဆုအတွက်အဆိုပြုခံရသူများ နေ့လယ် စာ စားပွဲတွင် စတားလုံးက သူ့အနေဖြင့် အော်စကာဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်သင့်မ သင့်ကို Creed ဇာတ်ကား ဒါရိုက်တာ Ryan Coogler နှင့် ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ခင်ဗျား သွားစေချင်ရင် ကျွန်တော် သွားမယ်။ ခင်ဗျား မသွားစေချင်ရင်တော့ ကျွန်တော် မသွားတော့ဘူး” ဟု Ryan Coogler ကို ပြောခဲ့ကြောင်း စတားလုံးက ဆိုသည်။

“သူက ပြန်ပြောပါတယ်။ အဲဒီကို သွားရုံ သွားလိုက်ပါ။ ပြီးရင် ဇာတ်ကားကို ကိုယ်စားပြုဖို့ ကြိုးစားပါလို့ ပြောပါတယ်” ဟု စတားလုံးက ဆိုသည်။

ထို့ကြောင့် စတားလုံးသည် အော်စကာ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်။ လူမည်း များ ဖြစ်ကြသည့် Creed ဇာတ်ကား ဒါရိုက်တာ Coogler နှင့် ထိုဇာတ်ကားထဲမှ မင်းသား Michael B Jordan တို့မှာ ပမာဏစာရင်းတွင် မပါဝင်ခဲ့ပေ။

“ကာလတစ်ခု ကျရင် အနေအထားတွေ ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်တော် တကယ်ကို ယုံကြည်ပါတယ်။ အဲဒီအခါကျရင် ပါရမီရှိသူတွေဟာ ထိပ်ဆုံးကို ရောက်လာကြမှာပါ။ ဒါပေမဲ့ ပါရာဒိုင်း အသစ်၊ တွေးခေါ်ပုံ နည်းလမ်းအသစ်ဆိုတဲ့ အကြောင်းခံတော့ ရှိရပါမယ်” ဟု စတားလုံးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly