CDM ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများကို ပြန်လည်ကြိုဆို လက်ခံရေးစခန်းဖွင့်လှစ် လက်ခံမည်ဟု စစ်ကောင်စီ ထုတ်ပြန်

CDM ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများကို ပြန်လည်ကြိုဆို လက်ခံရေးစခန်းဖွင့်လှစ် လက်ခံမည်ဟု စစ်ကောင်စီ ထုတ်ပြန်

ဇွန် ၂၉

ပြည်တွင်း ပြည်ပရှိ CDMဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များကို နယ်စပ်ဒေသ အသီးသီးတွင် ပြန်လည်ကြိုဆိုလက်ခံရေးစခန်းဖွင့်လှစ် လက်ခံသွားမည်ဟု ဇွန်လ ၂၉ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လိုသူများကို ကြိုဆိုလက်ခံနိုင်ရေး နယ်စပ်ဒေသများတွင် စခန်းများဖွင့် လှစ်ဆောင်ရွက်ပေးသွားမည့်အပြင် နီးစပ်ရာ စစ်ကောင်စီစခန်း အသီးသီးသို့လည်း ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဟုလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း စစ်ကောင်စီက CDM ဆရာ၊ ဆရာမများကို ပြန်လည်ဖိတ်ခေါ်ခဲ့သည်။ ထို့အပြင် PDFအပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် လက်နက်အပ်နှံပြီး ပြည်သူ့ဘဝ ပြန်လည်ဝင်ရောက်ရန်လည်း ဇွန်လ ၁၂ရက်နေ့က စတင်ပြီး စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ထုတ်ပြန်ထားသည်။

#mizzima

#ပြန်လည်ကြိုဆို

#စစ်ကောင်စီ

#အာမခံချက်ပေး

#ထုတ်ပြန်ချက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly