မတူပီမြို့နယ်မှစစ်ဘေးရှောင်များအား ဆေးဝါးလှူဒါန်းရန် ဂီတပွဲတော် ကျင်းပမည်

မတူပီမြို့နယ်မှစစ်ဘေးရှောင်များအား ဆေးဝါးလှူဒါန်းရန် ဂီတပွဲတော် ကျင်းပမည်

ဇွန် ၂၉

ချင်းပြည်နယ် မတူပီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအားဆေးဝါးများလှူဒါန်းရန်အတွက် ရန်ပုံငွေ ဂီတပွဲတော်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း Matupians အဖွဲ့ထံမှ သိရသည်။

“ကျနော်တို့မတူပီမြိုနယ်ထဲမှာ လတ်တလောအားဖြင့် ငှက်ဖျားရောဂါပြန့်ပွားမှု အလွန်များပြားနေပါ တယ်။ စစ်ဘေးရှောင်တွေမှာ ဆေးဝါးမလုံလောက်တဲ့ကိစ္စ အရေးပေါ်ဖြစ်နေတဲ့အတွက် ကျနော်တို့တတ် နိုင်တဲ့ဖျော်ဖြေပွဲလေးလုပ်ပြီး အလှူခံဖို့လုပ်ဖြစ်ခဲ့တာပါ” ဟု Matupians မှ တာဝန်ရှိသူတစ်ဉီးကပြော သည်။

ဂီတဖျော်ဖြေပွဲအား ဇွန်လ ၃၀ ရက် မြန်မာစံတော်ချိန် ည ၈ နာရီတွင် စတင်ပြီးမည်ဖြစ်ပြီး Matupians ပေ့ချ်အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ကာ Matupians အဖွဲ့မှတေးသံရှင် လူငယ်လေးဉီးအပြင် “Guys From Chin” အဖွဲ့မှ P. Thawng Bawi, David Lai နှင့် Benjamin Sum တို့မှ ဧည့်သည်အဆိုတော် များအဖြစ်ပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။

မတူပီမြို့နယ်မှစစ်ဘေးရှောင်များမှာ အခြားအခက်အခဲများစွာကြုံတွေ့နေရသော်လည်း လွန်ခဲ့သောနှစ် များကထက် ငှက်ဖျားဖြစ်ပွားမှုနှုန်း အလွန်တိုးပွားလာကြောင်း ဒေသတွင်းရှိ ကျန်းမာရေးဝန်ထမ်းများထံ မှ သိရသည်။

ယခုပွဲမှရရှိလာသော ရန်ပုံငွေများအား မတူပီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ၏ ဆေးဝါးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဖော်ပြပါကြေညာတွင်ပါရှိ သော အိန္ဒိယ၊ ဩစတြေးလျနှင့် အမေရိကန်တို့ရှိ ဘဏ်အကောင့်များသို့ တိုက်ရိုက်ပေးပို့ လှူဒါန်းနိုင် ကြောင်းဆိုသည်။

Matupians အဖွဲ့အစည်းသည် စစ်တပ်က အာဏာလုယူပြီးနောက် ပြည်သူအများ ဒုက္ခမျိုးစုံနှင့်ကြုံတွေ့ နေရသည့်အပေါ် တတ်နိုင်သည့်ဘက်မှအကူအညီများပေးနိုင်ရန် ဂီတအနုပညာကို ချစ်မြတ်နိုးသော လူငယ်များပူးပေါင်းပြီး မေလ ၁၀ ရက် ၂၀၂၂ တွင် စတင်ဖွဲ့စည်းခဲ့ပြီး အွန်လိုင်းမှဂီတဖျော်ဖြေပွဲများ ကျင်းပ၍ ရန်ပုံငွေရှာဖွေ၍ ကူညီလှူဒါန်းနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#Mizzima

#Matupians

#ချင်းပြည်နယ်

#မတူပီမြို့နယ်

#ရန်ပုံငွေဂီတပွဲတော်

#စစ်ဘေးရှောင်

#ဆေးဝါးလှူဒါန်းရန်

#ငှက်ဖျားရောဂါ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required