ပင်းတယမြို့ မြောက်ကျောင်းကြီး ရဲကင်းပစ်ခတ်ခံရ ၊ ၁ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိ

ပင်းတယမြို့ မြောက်ကျောင်းကြီး ရဲကင်းပစ်ခတ်ခံရ ၊ ၁ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိ

ဇွန် ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မြောက်ဘက်ရှိ မြောက်ကျောင်း ကြီးရဲကင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့မှ ယနေ့ ဇွန်လ ၂၉ ရက် နံနက် ၁၀ နာရီခန့်က ဝင်ရောက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ဆေးရေးဂိတ်ကို PDF တွေက ဝင်ပစ်ခဲ့တာပါ။ တစ်ကောင်သေ၊ တစ်ကောင် ဆန့်ငင်ဆန့်ငင်ဖြစ်သွား တယ်။ စစ်ဆေးရေးဂိတ်မှာရှိတဲ့ခွေးတွေ အကြောက်လွန်ပြီး ဖိနပ်တောင်မပါဘဲ ရပ်ကွက်ထဲဝင်ပြေးကြ တယ်” ဟု ပင်းတယ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

မြောက်ကျောင်းကြီးရဲကင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှ စစ်ကောင်စီတပ်မှ ဖွင့်ထားသောစစ်ဆေး ရေးဂိတ်ဖြစ်ပြီး လယ်ပြင်ရွာသားတစ်ဦးအား အဆိုပါဂိတ်မှပစ်ခတ်ခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ် မှ ဝင်ရောက်ပစ် ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီရဲကင်းက အမြဲတမ်းစစ်တယ်။ အစစ်အဆေးကြမ်းတယ်။ မထင်ရင် မထင်သလို မအေနဲ့ကိုင်တုတ် ပြီးဆဲတယ်။ လယ်ပြင်ရွာသားပစ်ခတ်ခံရပြီးတော့ ရဲကင်းကို PDF တွေက ဝင်ဆော်တာ။ သေနတ်တွေ တရစပ်ပစ်သံကြားရတယ်။ စစ်ခွေးတွေက သေနတ်ကို မိုးပေါ်ထောင်ပစ်တယ်” ဟု ပင်းတယဒေသခံ တစ်ဦးကဆိုသည်။

လက်ရှိတွင် မြို့အဝင်အထွက် ဂိတ်များအားလုံးကို ပိတ်ဆို့စစ်ဆေးနေပြီး တောင်ပေါ်ကြီးမြို့ဘက်သို့ လည်း စစ်ကားများတက်သွားကြောင်း သိရသည်။

#Mizzima

#ရှမ်းပြည်နယ်တောင်ပိုင်း

#ပင်းတယ

#ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

#မြောက်ကျောင်းကြီးရဲကင်း

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly