တရုတ်နိုင်ငံ တောင်ပိုင်းတွင် ရေကြီးမှုကြောင့် လူပေါင်းသိန်းနှင့်ချီ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ရေကြီးမှုကြောင့် လူပေါင်းသိန်းနှင့်ချီ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

တရုတ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းပြည်နယ်အများအပြားတွင် လူပေါင်းသိန်းနှင့်ချီ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရသည်။

မြစ်ရေလျှံပြီး ရေကြီးရေလျှံမှုမှာ နှစ် ၅၀ အတွင်း အမြင့်ဆုံးစံချိန်ချိုးခဲ့ပြီး ပြည်နယ် ၂ ခုတွင် ရေကြီးမှု သတိပေး ချက်ကို အဆင့်သတ်မှတ်ချက် တိုးမြှင့်ခဲ့ရသည်။

ကားများ လမ်းမများပေါ်တွင် မျောပါနေပြီး ရေပြည့်လျှံနေသော မြစ်များကို ဖြတ်၍ ကြိုးများဖြင့် ကယ်ဆယ်နေ သူများကို နိုင်ငံပိုင်မီဒီယာမှ ဗီဒီယိုများတွင် ဖော်ပြထားသည်။

အဆိုပါဒေသသည် ၁၉၆၁ ခုနှစ်နောက်ပိုင်း မိုးရွာသွန်းမှု အမြင့်ဆုံးဖြစ်နေသည်ဟု မိုးလေဝသ တာဝန်ရှိသူများ က ပြောကြားသည်။

မြစ်ကမ်းပါးတစ်လျှောက်နှင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် နေထိုင်ကြသည့် ဒေသခံများကို ကုန်းမြင့်သို့ ပြောင်းရွှေ့နေထိုင်ရန် တိုက်တွန်းထားသည်။

ကွမ်တုံပြည်နယ်ရှိ ရှောင်ကွမ်မြို့သည် မေလနှောင်းပိုင်းမှစတင်၍ စံချိန်တင်မိုးရွာသွန်းမှုကြောင့် တာဝန်ရှိသူ များက ရေလွှမ်းမိုးမှုသတိပေးချက်ကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် တပ်လှန့်ထားသည်။

ကွမ်တုံပြည်နယ်ရှိ ချင်ယန်မြို့တွင်လည်း အလားတူသတိပေးချက်တစ်ခု ထုတ်ပြန်ထားသည်။ 

ကွမ်တုံနှင့် ကွမ်ရှီပြည်နယ်တို့ကို ဝန်းရံထားသည့် မြေနိမ့်ပိုင်းပုလဲမြစ်ဝှမ်းတွင် မိုးရွာသွန်းမှုကြောင့် ထောက် ပံ့ရေးကွင်းဆက်များ၊ ကုန်ထုတ်လုပ်မှုတို့ အခက်ကြုံခဲ့ပြီး ကိုဗစ်ဆန့်ကျင်ရေး အစီအမံများအောက်တွင် ပို့ဆောင်ရေးကဏ္ဍသည် အခက်အခဲ ကြုံတွေ့နေရသည်။

ထိုအတောအတွင်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကျန်းရှီပြည်နယ်တွင် ခရိုင် ၉ ခုမှ လူပေါင်း ၄၈၅,ဝဝဝ ခန့် ရေဘေးဒဏ်ခံရပြီးနောက် အာဏာပိုင်များက ရေလွှမ်းမိုးမှု သတိပေးချက်ကို ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required