ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချိပ်ပိတ်

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချိပ်ပိတ်

ဇွန် ၂၉

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်း ၏နေအိမ်ကို ဇွန်လ ၂၉ ရက်နေ့ မနက် ၆ နာရီခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လာရောက် ချိပ်ပိတ်သွားကြောင်းသိရသည်။

ကိုအောင်ဟိန်းမင်း၏ နေအိမ်မှာ ဖားကန့်မြို့အေးမြသာယာရပ်ကွက် ရှရော်ခ ကျေးရွာတွင် တည်ရှိကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ ခန့် က အရပ်ဝတ်များဖြင့် လက်နက်အပြည့်အစုံကိုင်ဆောင်ကာ အရပ်ကား ၁၀ စီးခန့်ဖြင့် လာရောက်ကာ ချိပ်ပိတ်သွားခဲ့ကြောင်း ရွာသားတစ်ဦးက ပြောဆိုသည်။

ကိုအောင်ဟိန်းမင်း၏ နေအိမ်တွင် မည်သူမှ နေထိုင်ခြင်း မရှိဘဲ မိသားစုဝင်များမှာ ရှောင်တိမ်းနေကြကာ နေအိမ်အတွင်းရှိ ပစ္စည်းများ သိမ်းဆည်းခြင်း ဖျက်ဆီးသွားခြင်းတော့မရှိကြောင်း ရွာသားတစ်ဦးကပြောဆိုသည်။

ကိုအောင်ဟိန်းမင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုကာ ဖားကန့် မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူ တစ်ဦးဖြစ်ကာ လက်ရှိတွင် CRPH၊ NUG တို့နှင့် လက်တွဲ လုပ်ဆောင်နေသောကြောင့် စစ်ကောင်စီတပ်ဖွဲ့များက နေအိမ်ကို လာရောက်ချိပ်ပိတ်သွားခြင်း ဖြစ်နိုင်ကြောင်း ပြည်သူတစ်ဦးက ဆိုသည်။

#mizzima

#ဖားကန့်မြို့နယ်

#ပြည်သူ့လွတ်တော်ကိုယ်စားလှယ်

#စစ်ကောင်စီတပ်ဖွဲ့

#ချိပ်ပိတ်သွား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required