မြစ်ကြီးနားမြို့တွင် စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦး အသတ်ခံရ

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦး အသတ်ခံရ

ဇွန် ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဇီးလွန်ရပ်ကွက်တွင် စစ်ကောင်စီသတင်းပေး(ဒလန်)တစ်ဦး အသတ်ခံရ ကြောင်း ဒေသခံများထံမှ သိရသည်။

ဦးညွှန့်ဝေ (၅၂ နှစ်)ဆိုသူသည် ဇီးလွန်နယ်မြေ(၆)ရှိ အ.ထ.က ကျောင်းရှေ့ရှိ စက်သုံးဆီဆိုင်ရှေ့ ကားလမ်း ပေါ်တွင် ဆိုင်ကယ်မောင်းနှင်လာစဥ် ဇွန်လ ၂၇ ရက် နံနက် ၈ နာရီခွဲဝန်းကျင်က ရင်ဝကို သေနတ်ဖြင့် အနီးကပ်အပစ်ခံခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူသည် လယ်ကုန်းရပ်ကွက် နယ်မြေ ၁၃(က)အပိုင်းတွင်နေထိုင်သူဟုသိရပြီး ကျောင်းနေအရွယ် ကလေးငယ်သုံးဦးရှိကြောင်းလည်း ဒေသခံများမှပြောသည်။

လက်ရှိတွင် သေဆုံးသူ၏ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း စုံစမ်း သိရှိရသည်။

#Mizzima

#ကချင်ပြည်နယ်

#မြစ်ကြီးနားမြို့နယ်

#ဒလန်

#စစ်ကောင်စီသတင်းပေး

#အသတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly